Facebook အသုံးပြုသူများ၏ Follower များ လျော့ကျသည့် အခြေအနေ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေ

0
390

ကမ္ဘာတစ်ဝန်းက Facebook လူမှုကွန်ရက်စာ မျက်နှာအချို့တွင် ယခင်ကရှိခဲ့သည့် Follower အရေအတွက်ထက် သိသိသာသာလျော့ကျသွားသည့် အခြေအနေများ အောက်တိုဘာ ၁၂ ရက်(ယနေ့) နံနက်အစောပိုင်းမှစတ င်၍ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ Facebook ကုမ္ပဏီဘက်မှ တစ်စုံတရာ အသိပေး ပြောကြားထားခြင်း မရှိသေးဘဲ မြန်မာပြည်က အနုပညာရှင်များက Facebook လူမှုကွန် ရက်တွင် ၎င်းတို့၏ ထင်မြင် ယူဆချက်များကို ရေးသားနေကြသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှာ နည်းပညာ Error ဖြစ်ပေါ်သည့် အခြေအနေကြောင့် ဖြစ်ပေါ်ခြင်း ဟုတ်မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ နံနက်ပိုင်းတွင် Facebook တည်ထောင်သူ Mark Zuckerberg ၏ လူမှုကွန်ရက်စာမျက်နှာတွင်ပင်  Follow er 9K သာ ရှိတော့သည့် အခြေအနေဖြစ်သည်။

“Facebook ကဘာ Error တက်လဲတော့မသိဖူး 

167 k Followers ရှိရာကနေ ခုမနက် 9 k ကျော်ပဲရှိတော့တယ် ကိုယ်တယောက်ထဲတော့မဟုတ်ဖူး တချို့သူတွေလဲအဲ့လိုပဲဖြစ်နေတယ်”ဟု နာမည်ကြီးအနုပညာရှင်တစ်ဦးကပြောသည်။

Follower အရေအတွက်ဖြုတ်ချခံရသည့် လူမှုကွန်ယက်စာမျက်နှာများတွင် နာမည်ကြီးအနုပညာရှင်များစွာပါဝင်နေသည်ကို တွေ့ရှိရကာ မည်သည့်အတွက်ကြောင့် ဖြုတ်ချခံရခြင်းဖြစ်သည်ကို လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

Follower အရေအတွက်အား ယခင်ကရရှိထားသည့် အ ရေအတွက်ထက်များစွာလျော့နည်းသွားပြီး အများဆုံး ၉၀၀၀ အထိသာပြသနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“မနက် ၇ နာရီကျော်လောက် Facebook စဖွင့်တဲ့အချိန် အသိတစ်ယောက် တင်ထားတာတွေ့လို့ အကို့အကောင့်ဝင်ကြည့်တော့ အရင် Follower ၉၈၀၀၀ ရှိရာကနေ အခု ၉၈၀၀ ကျော်ပဲကျန်တော့တယ်”ဟု နာမည်ကြီးအနုပညာရှင်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ထိုသို့ Follower အရေအတွက်လျော့နည်းသွားသည်ကိုပြသနေသော်လည်း မိမိ၏လူမှုကွန်ရက်စာမျက်နှာ (သို့)လူမှုကွန်ယက် Page ၏ Setting မှတဆင့်ကြည့်ရှုပါက ယခင်ရရှိထားသည့် အရေ အတွက်အားတွေ့ရှိရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here