သီရိလင်္ကာသို့ လှူဒါန်းသည့် ဆန်မက်ထရစ်တန်ချိန် တစ်ထောင် ကိုလံဘိုမြို့ဆိပ်ကမ်းသို့ရောက်ရှိ

0
339

မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၃)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းသည့် မြန်မာ့ဆန်ဖြူ (Myanmar White Rice) မက်ထရစ်တန်ချိန် တစ်ထောင်သည် ကိုလံဘိုမြို့ဆိပ်ကမ်းသို့ အောက်တိုဘာ ၁၀ ရက်တွင် ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်မက်ထရစ်တန်ချိန် တစ်ထောင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Colombo International Container Terminals (CICT) တွင် ပြုလုပ်ကျင်းပခဲ့ပြီး သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ နှင့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံ Hon. S. Viyalanderan (State Minister of Trade)၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန အတွင်းဝန် Mr. S.T. Kodikara နှင့် တာဝန်ရှိသူများ၊ Food Commissioner Department မှ Commissioner နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက ဆန်လှူဒါန်းရသည့်အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး သီရိလင်္ကာနိုင်ငံ Hon. S. Viyalanderan(State Minister of Trade)နှင့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. S.T. Kodikara တို့မှ မြန်မာအစိုးရ၊ ပြည်သူများနှင့် တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here