ရန်ကုန်တိုင်းရွှေအသင်းမှ အခေါက်ရွှေ ၁၂ ပိဿာကျော် ကို တစ်ကျပ်သား (၂၅) သိန်းဖြင့် စတင်ရောင်းချ ၊ ပြင်ပဈေးကွက်တွင် ယမန်နေ့ထက် တစ်သိန်းဝန်းကျဈေးကျ

0
393

ရန်ကုန်တိုင်းရွှေအသင်းမှ အခေါက်ရွှေ ၁၂ ပိဿာကျော် ကို တစ်ကျပ်သား (၂၅) သိန်းဖြင့် စတင်ရောင်းချ ၊ ပြင်ပဈေးကွက်တွင် ယမန်နေ့ထက် တစ်သိန်းဝန်းကျဈေးကျ

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ယ နေ့အောက်တိုဘာလ (၁၂) ရက် နံနက်ပိုင်းမှ စတင်ကာ ရွှေပိဿာချိန် ၁၂ ပိဿာ ၇၇ ကျပ်သားကို တစ်ကျပ်သားလျင် ၂၅ သိန်းကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသ ည်။

အဆိုပါ ရွှေရောင်းချခြင်း အစီအစဉ်သည် ဈေးကွက်အ တွင်း မြင့်မားနေသည့် ရွှေဈေးနှုန်းကို ထိန်ချုပ်ရန် ရည် ရွယ် ရောင်း ချခြင်းဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း တာ ဝန်ရှိသူများက ပြောကြားထားသည်။

ရွှေဝယ်ယူရာတွင် တစ်ဦးလျင်(၁) ကျပ်သားမှ (၁၀) သား အထိ မိမိတတ်နိုင်သရွေ့ ဝယ်ယူနိုင်ပြီး အိမ်ထောင်တစ်စုလျင် တစ်ဦးသာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရွှေလာရောက် ဝယ်ယူသူများ အနေဖြင့် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ယူဆောင်လာရန် လိုအပ်ပြီး ငွေလက် ငင်း ပေးချေရသည့် စနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ် ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ (၁၂) ရက် ပြင်ပရွှေပေါက်ဈေးမှာ အကယ်ဒမီရွှေ (၁) ကျပ်သားလျင် (၂၅) သိန်းခွဲ ဝန်း ကျင်ရှိပြီး ၁၅ ပဲ‌ရည်ရွှေ တစ်ကျပ်သားလျင် (၂၃) သိန်းအထက် ဈေးဖွင့်အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ဈေးကွက်ဖွင့်ချိန်တွင် ယမန်နေ့ ဈေးကွက်အပိတ်ဈေးထက် (၁) သိန်းဝန်းကျင် ကျဆင်းခဲ့ပြီး ထပ်မံကျဆင်းမည့် အရိပ်အယောင်ရှိကြောင်း ရွှေလုပ်ငန်း လုပ် ကိုင်သူများ ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်ကလည်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ရွှေ (၃) ပိ ဿာ လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး တစ်ပိဿာလျင် သိန်း ၂၅၀၀ ဝန်းကျင်ဖြင့် တစ်ဦးတည်း လေလံအောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း က မန္တလေး မြို့တွင် ရွှေ (၇) ပိဿာကို အလားတူ ရောင်းချပေးခဲ့ပြီး တစ်ဦးလျင် (၁၀) သားအထိ ဝယ်ယူခွင့် ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here