မြဝတီမြို့ရှိ စတိုးဆိုင်တစ်ဆိုင်အတွင်း၌ လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံး

0
253

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၁)ရပ်ကွက်၊ယုဇနလမ်း၊အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ “ဂျပန်ကြီး”စတိုးဆိုင်အတွင်း၌ အောက်တိုဘာ ၁၁ ရက်ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခန့်က အမည်မသိအမျိုးသားများသည် အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ “ဂျပန်ကြီး”စတိုးဆိုင်အတွင်းသို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးသည် စတိုးဆိုင်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆိုင်ဝန်ထမ်းဖြစ်သူ မောင်သီဟ(၁၈)နှစ်ခန့်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ဆေးကုသမှုခံယူစဥ် မောင်သီဟသည် ရရှိထားသည့်ဗုံးစထိမှန်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here