ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ နေပြည်တော်တွင် ရုံးဖွင့်မည်

0
383

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ နေပြည်တော်တွင် ရုံးဖွင့်မည်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦး ဆောင်သည့် ပြည်သူ့ပါတီအနေဖြင့် နေပြည်တော်တွင် ရုံးဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့်‌ အောက်တိုဘာလ (၁၅) ရက်တွင် နေပြည်ကောင် စီနယ်မြေ ၊ ပုဗ္ဗသီရိမြို့နယ် ၊ သုခဒီပ ရပ်ကွက်တွင် ရုံးခ န်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

” ၁၅ ရက်နေ့ နေပြည်တော်မှာ ရုံးဖွင့်ပွဲတော့ ရှိပါတယ်။ ပါတီ ဌာနချုပ်အနေနဲ့တော့ မဟုတ်ပါဘူး။ နေပြည်တော် ရုံးခွဲအနေနဲ့ ရုံးအထိုင်အနေနဲ့ပဲ ဖွင့်မှာပါ။ ဌာနချုပ်က တော့ အရင် ဗဟန်းက ၉ လွှာ မှာပါပဲ” ဟု ဦးကိုကိုကြီး၏ အမျိုးသမီး ဖြစ်သူက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုနှင့် နိုင်ငံရေးပါတီများအား စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

နစကက ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည်ဟု ကြေ ညာထားပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲတစ်ရပ်ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း ကြွေး ကြော်ထားသည်။

နစက အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ တစ် ရပ် ကျင်းပရန် စီစဉ်နေပြီး ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မည့် အနေအထား ရှိနေခြင်းလည်း ဖြစ်သည်။

ရွေးကောက်ပွဲသည် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းများအတွက် တစ်ခုတည်းသော ထွက် ပေါက်ဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ပေါ်ပြူလာနယူး(စ်) သို့ ဖြေကြားသည့် အင်တာဗျူးတစ်ခုတွင် ပြောကြားထားဖူးသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုနှင့် နိုင်ငံရေးပါတီများအား စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

နစကက ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည်ဟု ကြေ ညာထားပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲတစ်ရပ်ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း ကြွေး ကြော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here