ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၅)၏ စစ်လက်ရုံးရွေးချယ်ပွဲကျင်းပ

0
867

တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၂ ရက်(ယနေ့) တွင် ပြင်ဦးလွင်မြို့၊စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင် တန်းအမှတ်စဉ် (၆၅)၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်၍ စီစစ်ရွေးချယ်ပေးခဲ့သည်။

ကာကွယ်​ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊စစ်တက္က သိုလ်ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ဗိုလ် လောင်းများအား တစ်ဦးချင်းစီတွေ့ဆုံမေးမြန်း၍ စာပေပညာ၊စစ်ပညာဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှုဝါသနာနှင့်ကြိုးစားအားထုတ်မှုများအပေါ်မူတည်၍သင့်လျော်သည့် တပ်မတော် (ကြည်း၊ရေ၊လေ)စစ်လက်ရုံးအသီးသီးအတွက် စီစစ်ရွေးချယ်ပေးခဲ့ကြသည်။

နေ့လည်ပိုင်းတွင် တပ်ချုပ်က ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ် လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင်လည်း စစ်တက္ကသိုလ်ဗိုလ် လောင်းသင်တန်းအမှတ်စဥ်(၆၅)၏ စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here