နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NMSP တို့ (၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အ လွန်အဆင့်လိုက်လုပ်ငန်းစဉ်များအားဆွေးနွေး

0
142

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အောက်တို ဘာ ၁၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းတို့ကအမှာစကားများပြောကြားခဲ့ကြသည်။ 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့်ဇယား ၂ တိုင်း(သို့) ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ် သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက်ရှင်းလင်းဆွေး နွေးခဲ့သည်။

ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်ကလည်း (၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်အဆင့်လိုက်အကောင်အထည်ဖော်မှုများ(ဇ ယား၂)အား ဆွေးနွေးခဲ့သည်။

တက်ရောက်လာကြသူများက မိမိတို့၏သဘော ထားများ၊လိုလားချက်များအား ဆွေးနွေးကာ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှဆုံးဖြတ်ချက်များကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်ဗညားလယ်၊ ဗဟိုကော်မတီဝင်နိုင်အမ်စိုက်ချမ်းတို့ လည်းတက်ရောက်ဆွေးနွေးခဲ့သည်။

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NMSP တို့သည် အောက်တိုဘာ ၁၃ ရက်တွင်လည်း ဒုတိယနေ့အဖြစ်ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here