ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းအောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန် မာ-တရုတ် စီးပွားရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်

0
388

မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အောက်တိုဘာ ၁၂ ရက်ကပြုလုပ်သည့် မြန်မာ့အထူးစီးပွားရေးဇုန်ဗဟိုအစည်းအဝေး (၁/၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်(၃)ခုအား အကောင်အထည်ဖော်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ၊ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို တရုတ်နိုင်ငံ၊ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်းအ ကောင်အထည်ဖော်လျက်ရှိသည်ဟု ပြောသည်။


“နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်တဲ့အခါ မိမိနိုင်ငံရဲ့ အကျိုးစီးပွားကိုသာအဓိကထားရမှာဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း အလေးထားကြရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြော သည်။

အထူးစီးပွားရေးဇုန်များအား ကောင်းမွန်စွာဦး ဆောင်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်၍ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်လာစေရန် ပို့ကုန်တိုးမြှင့်နိုင်စေရန် စီးပွားရေးဇုန်များတွင် ရှိသည့် One Stop Service Center များကို စနစ်တ ကျဖွဲ့စည်းပြီး ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်လိုသည်ဟု ပြောသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ် နည်း SOP တွေကို လက်တွေ့ကျကျလုပ်ကိုင်နိုင်ဖို့နဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဇုန်တွေကို ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးဖို့လိုအပ်ပါတယ် ဒါမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံဝင်ရောက်လာဖို့ ဖိတ်ခေါ်နိုင်မှာဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကို ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အား ၂၀၁၈ ခုနှစ်၊နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံ ကိန်း၏ မူဘောင်သဘောတူညီချက်ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီတွင် Shareholder Agreement နှင့်နိုဝင်ဘာတွင် Concession Agreement အား နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ယခင် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေးအကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အ လှန်ညှိနှိုင်းမှုများဖြင့် Win Win Situation ဖြစ်အောင်ဆောင်ရွက်သွားရမည်ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ် ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကာ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင် မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဟု ပြောသည်။

“ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ (Belt & Road)စီမံကိန်းနဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် နှစ်နိုင်ငံအကျိုးပြုမှုတွေရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါရရှိစေမှာဖြစ်ပါတယ် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေ သခံတွေကို ကျွမ်းကျင်သင်တန်းတွေပေးတာနဲ့ပတ်သက်ပြီး စီမံကိန်းအကောင်အထည်ဖော်တဲ့အချိန်မှာ စက်ရုံတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ သင်တန်းတွေဖြစ်ဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အထူးစီးပွားရေးဇုန် (၃)ခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိ၍ စံပြဇုန်အဖြစ်ရပ်တည်နေ ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန်၊လုပ်ငန်းကုမ္ပဏီအသစ်များနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရန်နှင့်လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရန် သက်ဆိုင်သည့်ဝန်ကြီးဌာနများကပူးပေါင်းဆောင်ရွက်ပေးရမည်ဟု ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အား ၂၀၀၈ ခုနှစ်ကပင် အကောင်အထည်ဖော်ခဲ့ပြီး သိသာထင်ရှားသည့် တိုးတက်မှုများမရှိခဲ့၍ ယခင်ရင်းနှီးတည် ဆောက်သူအဖြစ်ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီအား Termination ပြု လုပ်ထားပြီးဖြစ်၍ ရင်းနှီးတည်ဆောက်သူအသစ်ထပ်မံ ဖိတ်ခေါ်နိုင်ရန် နိုင်ငံတကာလုပ်ထုံး လုပ် နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြော သည်။

“အထူးစီးပွားရေးဇုန်တွေ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သလို ဒေသခံပြည်သူတွေအ တွက် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူနေမှု အဆင့်အတန်းတွေ ဖွံ့ဖြိုးတိုးတက်ရရှိလာမှာဖြစ်ပါတယ် အထူးစီးပွားရေးဇုန်တွေအောင်မြင်တိုးတက်စေဖို့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးပမ်းဆောင်ရွက်ရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here