ကျိုက်ထီးရိုး ကင်မွန်းချောင်တောင်တက်ကား ဂိတ်တွင် လက်နက်မဲ့ပြည်သူများအား အကြမ်း ဖက်ပစ်ခတ်ခဲ့သူများကို ထိရောက်စွာအပြစ်ပေးအရေးယူရမည်ဟု အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ထုတ်ပြန်

0
313

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ကင်မွန်းချောင်တောင်တက်ကားဂိတ်ရှိ ဘုရားဖူးပြည်သူများအား လက် နက်ကိုင်အဖွဲ့ဝင်များက လက်နက်ကြီး၊သေနတ်များဖြင့် အောက်တိုဘာ ၁၂ ရက်နံနက် ၁၀ နာရီခွဲခန့်က ဝင်ရောက်ပစ်ခတ်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား KNU/KNLA တပ်မဟာ(၁)နှင့် NUG , CRPH တို့၏လက်ဝေခံ PDF အဖွဲ့ဝင်များက ဆောင်နိုင်ကြီးကျေးရွာဘက်မှ ကားတစ်စီးဖြင့်ရောက်ရှိလာကာ လက် နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုရား ဖူးပြည်သူအမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေး သားထားသည်။

KNU/KNLA သည် အစိုးရနှင့်တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်မတော်နှင့်သဘောထားချင်းမတိုက်ဆိုင် သည့်တိုင်အောင် ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သီတင်းကျွတ်ကာလ ကျိုက်ထီးရိုးဘုရားဖူးပြည်သူများ မော်တော်ယာဉ်စီးရန် စောင့်ဆိုင်းနေသည့် ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား လက် နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းအား အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ရေးသားထား သည်။

NCA သဘောတူစာချုပ် အခန်း(၃)ပါ အရပ်သားများကို အကာအကွယ်ပေးခြင်းကဏ္ဍတွင် ပြည် သူလူထု စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးနှင့်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့ကို လိုအပ်သ လို ပံ့ပိုးကူညီမှုများညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ၊ပြည်သူလူထုအပေါ်အကြမ်းဖက်ခြင်း၊လူသားမဆန်စွာပြုမှုဆက်ဆံခြင်း၊သတ်ဖြတ်ခြင်းများမပြုလုပ်ရန်နှင့်ပြည်သူလူထု၏ ဘာသာရေး၊စာပေယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းဆိုင်ရာထိန်းသိမ်းစောင့်ရှောက်မှုများကိုနှောင့်ယှက်ခြင်း၊ဂုဏ်သိ က္ခာညိုးနွမ်းစေခြင်းနှင့်ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ ဆိုသည့် လိုက်နာရမည့်အချက်များကို ဖောက် ဖျက်ကျူးလွန်ပြီး လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ပြစ်မှုကျူးလွန်ခဲ့သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူရမည်ဟု ထုတ်ပြန်ရေးသားထားသည်။

ဆောင်နိုင်ကြီးကျေးရွာသည် KNU/ KNLA တပ်မ ဟာ(၁) လွှမ်းမိုးသည့်နေရာဖြစ်ပြီး PDF အဖွဲ့ဝင်များအား စစ်သင်တန်းပေးခြင်း၊အကြမ်းဖက်သင် တန်းပေးခြင်းများပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်များကို ပံ့ပိုးပေးနေကာ ကင်ပွန်းချောင်တောင်တက်ကားဂိတ်ဖြစ်စဥ်၌ လာရားဖူးလာသူများ၊ဒေ သခံများ၏ပြောကြားချက်နှင့်သက်သေခံချက်များအရ KNU/KNLA အဖွဲ့တွင် အဓိကတာဝန်ရှိ သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် ဘုရားဖူးပြည်သူများအား အကြမ်း ဖက်ပစ်ခတ်တိုက်ခိုက်၍ အရပ်သားပြည်သူများ သေဆုံး၊ဒဏ်ရာရရှိရန်လုပ်ဆောင်ခဲ့သည့် PDF အဖွဲ့ဝင်များနှင့် KNU/KNLA တပ်မဟာ(၁)အဖွဲ့ဝင်များအား KNU/KNLA အဖွဲ့အနေဖြင့် အမြန်ဆုံး စုံ စမ်းစစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မှုများကို ပွင့် လင်းမြင်သာစွာဆောင်ရွက်သွားရမည်ဟု အမျိုး သားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here