ရန်ကုန်နယ်နမိတ်တွင် ရုရှား- မြန်မာ စက်မှုဇုန်တည်ဆော က်ရေးနှင့် ရုရှားနိုင်ငံမှ  စွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ကိစ္စများ ဆွေးနွေး

0
336

ရုရှားနိုင်ငံမှ စွမ်းအင်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကိစ္စနှင့် ရန်ကုန်နယ်နမိတ်အတွင်း ရုရှား – မြန်မာ ချစ် ကြည်ရေး စက်မှုဇုန် တည်ဆောက်ရေး ကိစ္စရပ်များကို နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် (Russi an Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့နှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီမှ ဥက္ကဋ္ဌ မစ္စတာ အီဗန် ပိုလီကော့ဖ်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းသို့ ဆွေးနွေးရာတွင် ရန်ကုန်နယ်နိမိတ်ဧရိယာအတွ င်း ရုရုား – မြန်မာ ချစ်ကြည်ရေးအတွက် စက်မှုဇုန်တည် ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက် ကိရိယာများ ထုတ်လုပ်သွားနိုင်ရေးကို ဦးစွာဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသ ည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ် ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေး ကိစ္စများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး ကိစ္စတို့ကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးက ဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရုား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင် ငံတွင် အရေးပေါ်တုံ့ပြန် ရေးစင်တာ (Emergency Response Center) တည်ထောင်နိုင်ရေးကိစ္စရပ်များကိုပါ ဆွေး နွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့်တွေ့ဆုံကာ ဖိုရမ် ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ သွားမည့် ကိစ္စ၊ ရုရှား – မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံသို့ အပ တ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုများကို ဆွေး နွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here