ဘားအံခရိုင် USDP ပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုး သေနတ်ဖြင့်ပစ်သတ်ခံရ

0
596

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဘားအံခရိုင် ဥက္ကဋ္ဌ ခွန်အောင်ကျော်မိုးအား ယနေ့ နံနက်အစောပိုင်းတွင် အမည်မသိ သေနတ်သမားများက ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၁၃) ရက် နံနက် (၇) နာရီခွဲဝန်းကျင်တွင် ဘားအံမြို့နယ် သာမည ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” မနက်က ဆိုင်ဖွင့်နေတုန်း ဝင်ပစ်သွားတာ ၊ နေရာမှတင်သေသွားတယ်။ သူက ရွေးကောက်ပွဲ ဝင်ဖို့ ပြင်နေတာ ။ ၂၀၂၀ တုန်းကလည်း ဝင်ပြိုင်ဖူးတယ်။ မနိုင်ဘူး ၊ ရှုံးတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

သေဆုံးသွားသည့် ခွန်အောင်ကျော်မိုးသည် ဘားအံမြို့ နယ် သာမည ကျေးရွာတွင် နေထိုင်ပြီး နေအိမ်နှင့် ဈေး ဆိုင်တွဲဖွင့်ထားကာ ယနေ့နံနက်ပိုင်းတွင် ဆိုင်ဖွင့်ရန် ပြင်နေစဉ် အမည်မသိသေနတ်သမား (၂) ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သွားခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အ စိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွ က် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ၎င်း၏ နေအိမ်အား ဗုံးကျဲတိုက်ခိုက်ခြင်း ခံထားရသေးကြောင်း ဒေသခံ သတ င်းရင်းမြစ်များထံမှ သိရသည်။

ယခုဖြစ်စဉ်သည် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးက ပါတီဝင်များနှင့် မိသားစုဝင်များ အသတ်ခံနေရသည့်အပေါ် အ ကာအကွယ်မပေးနိုင်သည့်အတွက် ပါတီတာဝန်မှ နှုတ် ထွက်ကြောင်း အသိပေးကာ အနားယူပြီးနောက် ပထမဆုံး ပါတီခရိုင် ဥက္ကဋ္ဌတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here