ရန်ကုန် ရွှေအသင်းမှ ရောင်းချပေးသည့် မီးလင်းရွှေ (၁၂) ပိဿာကျော်ကို နှစ်ရက်အတွင်း အားလုံးကုန်‌အောင် ဝယ်ယူကြ

0
238

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ ရောင်း ချပေးသည့် မီးလင်းရွှေ (၁၂) ပိဿာကျော်မှာ (၂) ရက်အတွင်း အားလုံးကုန်အောင် ဝယ်ယူသွားပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၁၂) ရက်နှင့် ယနေ့ အောက်တိုဘာ (၁၃) ရက် နှစ်ရက်အတွင်း ၁၂ ပိဿာ ၇၇ ကျပ်သားလုံး ရောင်းခဲ့ရကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“အကုန်လုံး ကုန်သွားပြီ။ မနက် ‌(၄) နာရီတည်းက လာတန်းစီကြတာ ။ ဒီနေ့ ၂ ပိဿာ ၇၀ ရောင်းတာ။ ဈေးနှုန်းအပြောင်းအလဲမရှိပါဘူး ” ဟု ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်တိုင်း ရွှေအသင်းမှ မီးလင်းရွှေ ၁၂ ပိဿာ ၇၇ ကျ ပ်သားကို တစ်ကျပ်သားလျင် ၂၅ သိန်းနှုန်းဖြင့် အောက် တိုဘာ (၁၂) ရက်က စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျင် (၁) ကျပ်သားမှ (၁၀) ကျပ်သားအထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

အောက်တိုဘာ (၁၂) ရက်တွင် (၁၀) ပိဿာကျော် ရောင်း ချခဲ့ရကာ ဝယ်ယူသူ (၁၀၀) ကျော် ရှိခဲ့ပြီး ယနေ့တွင် (၂) ပိဿာ ၇၀ ကျပ်သား ရောင်းချပေးခဲ့ကြောင်း ရန်ကုန်ရွှေအသင်းမှ သိရသည်။

ယင်းသို့ ရောင်းချရာတွင် ဝယ်ယူသူများအနေဖြင့် မှတ်ပုံ တင်နှင့် သန်းခေါင်စာရင်းယူဆောင်လာရန်လိုအပ်ပြီး တစ်အိမ်ထောင်လျင် တစ်ဦးနှုန်း ဝယ်ယူခွင့်ပြုခဲ့ကြောင်းနှင့် ရန်ကုန်ရွှေအသင်းဝင်များ ဝယ်ယူခွင့်မရှိကြောင်းလည်း သိရသည်။

အဆိုပါ ရွှေရောင်းချမှု အစီအစဉ်တွင် အကယ်ဒမီရွှေဆိုင်မှ (၂) ပိဿာ၊ အောင်သမာဓိရွှေဆိုင်မှ (၁) ပိဿာ၊ ဇွဲထ က် ရွှေဆိုင်မှ (၁) ပိဿာ၊ YGEA ဒုဥက္ကဋ္ဌမှ (၁) ပိဿာ၊ ရွှေကုန်သည် ဦးဧရာစိုးနိုင်မှ (၁)ပိဿာ၊ ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌမှ (၅၀) ကျပ်သား အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်နှင့် အသင်းဝင် ၂၄ ဦးမှ ရွှေများ ထုတ်ရောင်း ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အောက်တိုဘာ (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် ရန်ကုန်တိုင်းရွှေအသင်းက ရည်ညွှန်းဈေးအနေဖြင့် မီးလင်းရွှေ (၁) ကျပ်သားလျင် (၁၉) သိန်းကျော် သတ်မှတ်ထားသော် လည်း အသင်းမှ ရွှေ (၁) ကျပ်သား (၂၅) သိန်းနှုန်းဖြင့် ရောင်းချခဲ့မှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ယနေ့ အောက်တိုဘာ (၁၃) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးမှာ (၁) ကျပ်သားလျင် ၁၉၆၅၀၀၀ ကျပ်ဖြစ်ပြီး အောက်တိုဘာ (၁၂) ရက် ရည်ညွှန်းဈေးမှာ ၁၉၆၃၀၀ ကျပ် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here