မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် တန်းမြင့်ဆန် တန်ချိန် (၂) သိန်းခွဲထဲမှ တန်ချိန် ၂၁၃၀၀ ကို စတင် တင်ပို့ 

0
211

မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုဖြင့် တန်းမြင့်ဆန်တန်ချိန် (၂)သိန်းခွဲ တင်ပို့မည့် အစီအ စဉ် စတင်သည့်အနေဖြင့် ဆန်တန်ချိန် ၂၁၃၀၀ ကို စ တင် တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်တန်ချိန် ၂၁၃၀၀ ကို ဆူးလေဆိပ်ကမ်းတွင် ရောရ်ရှိနေသည့် MV.VTC Ocean သင်္ဘောဖြင့် တင်ပို့နိုင်ရန် ဆန်များ တင်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာ ဦးစီးဌာနတို့အကြား ယခုနှစ်အတွင်း တန်းမြင့်ဆန် (၅%) တန်ချိန် (၂) သိန်းခွဲ တင်ပို့ရေး သဘောတူညီမှု ရရှိထားပြီး စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် (MRF) က စီစဉ်တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံအ စိုးရချင်း ဆန်ကုန်သွယ်မှု သဘောတူညီချက်အရ တင်ပို့မည်ဖြစ်ပြီး  နားလည်မှု စာချွန်လွှာကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ (၅) နှစ်သက်တမ်း တိုးခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။

ယင်း နားလည်မှု စာချွန်လွှာအရ (၅) နှစ်အတွင်း မြန်မာ နိုင်ငံမှ ဆန်ဖြူတန်ချိန် (၂) သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် (၅) သောင်းကို တင်ပို့နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

နှစ်နိုင်ငံ သဘောတူညီမှုအရ ၂၀၁၇ ခုနှစ် စက်တင်ဘာ လမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ပထမအကြိမ်တွ င် ဆန်ဖြူ တန်ချိန် (၁) သိန်း၊ ဒုတိယအကြိမ်တွင် ဆန်ဖြူ တန်ချိန် (၁)သိန်း တင်ပို့ ထားပြီး ဖြစ်ကာ ယခု တတိယအကြိမ်အနေဖြင့် ဆန်တန်ချိန် (၂) သိန်းခွဲ တင်ပို့ရန် မြန် မာ နိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံစားနပ်ရိက္ခာဝန်ကြီးဌာနတို့အကြား သဘောတူ လက်မှတ်ရေးထိုး ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here