လေယာဉ်လက်မှတ်များ အတုအပပြုလုပ်၍ လိမ်လည်ရောင်းချမှုများရှိနေဟု MAI လေကြောင်းလိုင်း အရေးပေါ်အသိပေး

0
303

လေကြောင်းလိုင်းများ၏ လေယာဉ်ခရီးစဥ်လက်မှတ်များကို မသမာသူများမှ အတုအပပြုလုပ်၍ ခရီးသည်များထံ လိမ်လည်ရောင်းချမှုမျရှိနေသည်ဟု MAI လေကြောင်းလိုင်းက အရေးပေါ်အသိပေးကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ လိမ်လည်ရောင်းချနေသူများသည် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်များ၏ အမည်ကို အလွဲသုံးစားပြုလုပ်၍လည်းကောင်း၊ တစ်ဆင့်ခံလက်မှတ်အရောင်းကိုယ်စားလှယ်များအဖြစ် account များနှင့် page များ အတုအပပြုလုပ်၍လည်းကောင်း အယောင်ဆောင် လိမ်လည်လျက်ရှိသည်ဟုဆိုသည်။

ထို့ကြောင့် MAI နှင့် Air KBZ ၏ ခရီးသည်များအနေဖြင့် လိမ်လည်ရောင်းချခံရခြင်းမှ ရှောင်ရှားနိုင်ရန် မိမိတို့ဝယ်ယူထားသည့်လက်မှတ်များ မှန်ကန်မှုရှိ၊ မရှိကို ငွေပေးချေမှု မပြုမီ MAI နှင့် Air KBZ ၏ တရားဝင် websiteများ ဖြစ်သည့် www.maiair.com နှင့် www.airkbz.com တို့တွင် PNR (သို့) e-ticket number ဖြင့် ကိုယ်တိုင်ဝင်ရောက်စစ်ဆေးနိုနိုင်ပြီး သက်ဆိုင်ရာလေကြောင်းလိုင်း၏ Facebook Messenger တွင်လည်း လာရောက်စစ်ဆေးနိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here