ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦးဓားဖြင့်ခုတ်ခံရ

0
221

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်းနှင့် ၅၇(B)လမ်းတွင် အောက်တိုဘာ ၁၃ ရက်(ယ နေ့)နံနက်ပိုင်းက အသက်(၅၀)နှစ်ကျော်ခန့်ရှိ အ မျိုးသား ၁ ဦးဓားဖြင့်ခုတ်ခံခဲ့ရကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က ၁၂၆ လမ်းနှင့် ၅၇ (B)လမ်းဘေးရှိ ကွမ်းယာဆိုင်နောက်ကျောဘက် ၌ လက်အားဓားဖြင့်ခုတ်ခံရပြီး ဦးခေါင်းတွင်ထိုး ကြိတ်ခံထားရသည့်အနေအထားဖြင့် သတိမေ့လဲကြနေခြင်းဖြစ်ကြောင်း သိရသည်။

“အသင်းရုံးကိုဖုန်းသတင်းဝင်လာလို့ ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ် ဘယ်ဘက်လက်မှာဓားခုတ်ခံထားရသလို ခေါင်းမှာလည်းထိုးခံထားရတဲ့အနေအထားနဲ့ သတိမရဘဲလဲကျနေတာကြောင့် Medical Cover လုပ်ပြီး ဆေးရုံကြီးကိုပို့ပေးပါတယ်”ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓားဖြင့်ခုတ်ခံရသူအား မန္တလေးမြို့ပြည်သူ့ဆေး ရုံကြီး၌ လိုအပ်သည့်ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့ပြီး လူနာစောင့်မပါသဖြင့် ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ အသင်းရုံးသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာက ၄ ချက်ချုပ်ရတယ် လူနာကဖုန်းလည်းမပါသလို သတိလည်းမရတော့ ဘယ်ကလည်းဆိုတာမေးလို့မရခဲ့ဘူး အသင်းရုံးကိုပြန်ခေါ်လာတဲ့အချိန် ၁ နာရီ ၄၅ မိနစ်လောက်မှာ သူ့မိသားစုဝင်တွေကသတင်းကြားပြီး လာပြန်ခေါ်သွားကြပါတယ်”ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အမျိုးသားသည် ပြည်ကြီးတံခွန်မြို့ နယ်၌ နေထိုင်သူဖြစ်ကာ ၎င်းအားဓားဖြင့်ခုတ်၍ ထိုးကြိတ်ခဲ့သူများသည် မည်သူများဖြစ်သည်ကို သိရှိခြင်းမရှိကြောင်း သိရသည်။

Photo-ရွှေမဥ္ဇူပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here