ထိုင်ဝမ်က ကိုဗစ် စည်းမျဉ်းများကို ဖျက်သိမ်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ဖွင့်လှစ် 

0
186

ထိုင်ဝမ်  သည် ကမ္ဘာ့အရှည်ကြာဆုံး ကူးစက်ရောဂါဆိုင်ရာ နယ်စပ်ထိန်းချုပ်မှု အချို့ကို ရုတ်သိမ်းပြီးနောက် ကမ္ဘာ့လှည့်ခရီးသည်များအတွက် အစုအပြုံလိုက် ဝင်ရောက်ခွင့်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ခရီးသည်များသည် အဆိုပါကျွန်းသို့ အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့မှစတင်၍ ကွာရန်တင်းဝင်ခြင်း သို့မဟုတ် PCR စစ်ဆေးခြင်းများ ပြုလုပ်ရန် မလိုအပ်ဘဲ ဝင်ရောက်လာနိုင်ပြီ ဖြစ်သည်။ နှစ်နှစ်ခွဲကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကွာရန်တင်း ဝင်စရာမလိုဘဲ ဝင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ညသန်းခေါင်ကျော်ပြီး မကြာမီ တိုင်ပေမြို့အနီးရှိ ကျွန်း၏ အဓိက နိုင်ငံတကာလေဆိပ်သို့ ဘန်ကောက်မှ လေကြောင်းခရီးဖြင့် ရောက်ရှိလာသော ပထမဆုံး ခရီးသည်အုပ်စုကို ထိုင်ဝမ်အာဏာပိုင်များက ကြိုဆိုခဲ့ကြောင်း သိရသည်။

ကျွန်း၏ နယ်စပ်ဝင်ခွင့် ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျွန်းကို ပြန်လည်စည်ကားစေရန်နှင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ပြန်လည်တည်ဆောက်ရန်အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ဗျူရို ညွှန်ကြားရေးမှူးချုပ် ချန်စီချွင် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပြည်မကြီးမှလွဲ၍ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကွာရန်တင်းကို ရုတ်သိမ်းသည့် အဓိကနိုင်ငံများထဲတွင် နောက်ဆုံးနိုင်ငံဖြစ်သည်။

သို့ရာတွင် ခရီးသည်များသည် နယ်စပ်ဆိုင်ရာ စည်းမျဉ်းသစ်များအရ ၎င်းတို့၏ကျန်းမာရေးကို ခုနစ်ရက်ကြာ စောင့်ကြည့်ရန်နှင့် လျင်မြန်သော အန်တီဂျင် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်။

ဂျပန်နှင့် ဟောင်ကောင်တို့သည်လည်း ၎င်းတို့၏ ချွတ်ခြုံကျနေသော ခရီးသွား လုပ်ငန်းများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းသည့်အနေဖြင့် မကြာသေးမီက ကူးစက်ရောဂါဆိုင်ရာ နယ်စပ်ကန့်သတ်ချက်များကို လျှော့ချခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here