ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)၊(၂)၊(၃)တို့ပါ သဘောတူညီချက်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များအားဆွေးနွေး

0
262

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အောက်တို ဘာ ၁၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)၊(၂)၊(၃) တို့ပါသဘောတူညီချက်များအား ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပ ဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစီစစ်ချက်များအား ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ် ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ၎င်းတို့ ၏သဘောထားများ၊လိုလားချက်များ၊အထွေ ထွေကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း၊တွဲဖက်အတွင်းရေးမှူးနိုင်ဝင်းလှ၊ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာ ၁၄ ရက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here