ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့် သူများကို လေဆိပ်တွင် ဒေါ် လာထုတ်ရောင်းပေးမည်

0
488

ပြည်ပသို့ ထွက်ခွာအလုပ် လုပ်ကိုင်မည့်သူများ၊ ဆေးကုသမှုခံယူရန် ထွက်ခွာမည့်သူများနှင့် ပညာတော်သင်သွား‌ရောက်မည့်သူများအား အ​သေးသုံးနိုင်ငံခြား​ငွေ အဖြစ် ရန်ကုန်လေဆိပ်တွင် ဒေါ်လာရောင်း ချပေးရန် စီစဉ်နေကြောင်း သိရသည်။

ပြည်ပသို့ ထွက်ခွာသူများအနေဖြင့် ပြင်ပဈေးကွက်အတွင်း ဈေးနှုန်းမြင့်မားစွာ ဝယ်ယူနေရပြီးအဆိုပါ ဝယ်ယူမှုများကြောင့် ဈေးကစားသူများနှင့် လေပတ်ကားသမားများ၏ ငွေဈေးကစားမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်းသုံးသပ်မှုများလည်း ရှိသည်။

အဆိုပါ ဒေါ်လာငွေ ရောင်းချပေးမည့် အစီအစဉ်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ ဘဏ်များအသင်းတို့ ပူးပေါင်း စီစဉ်စဉ်​နေခြင်းဖြစ်ကြောင်းသိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရှိ နိုင်ငံခြားငွေ ဈေးကွက်တွင် မတည်မငြိမ်ဖြစ်နေသည့် အမေရိကန်ဒေါ်လာ ဈေးနှုန်းကို ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း အတက်အကျရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်း ပြည်ပထွက်ခွာ၍ အလုပ်လုပ် ကိုင်သူရာနှင့်ချီရှိပြီး ၎င်းတို့အတွက်လိုအပ်သည့် ဒေါ်လာ အရေအတွက်ကို ပြင်ပဈေးကွက်တွင် မတန်တဆဈေးနှုန်းများဖြင့် ဝယ်ယူရမှုများရှိခဲ့သည်။

အဆိုပါ အခက်အခဲကို ဖြေရှင်းသည့် အနေဖြင့် ယခုကဲ့ သို့ ဒေါ်လာ ထုတ်ရောင်းပေးမှုသည် အစီအစဉ်ကောင်း တစ်ခုဖြစ်သော်လည်း ဗဟိုဘဏ် ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးသင့်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” တချို့က Show Money ပြရတာတွေ ရှိတယ်လေ။ အဲတော့ ပြည်ပထွက်မယ့်သူတွေအတွက် ဒေါ်လာက မဖြစ်မနေလိုအပ်တယ်။ အခုလိုရောင်းပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်ဈေးနဲ့ ရောင်းမှာလဲ။ ဗဟိုဘဏ် ရည်ညွှန်းဈေးအတိုင်း ရောင်းပေးရင်တော့ ကောင်းတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေါ်လာရောင်းချပေးမည့်အစီအစဉ်ကို မည်သည့်အချိန်စတင်မည် ဖြစ်ပြီး လူတစ်ဦးလျင်မည်မျှရော င်းချပေးမည်နှင့် ဈေးနှုန်း သတ်မှတ်ချက်အပေါ် သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here