မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူများရောင်းချသယ် ဆောင်သည့် အမျိုးသမီးကြီးတစ်ဦးအပါအဝင် ၃ ဦးအားဖမ်းမိ

0
243

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ဟိုပင်-နန့်မွန်းသွားကားလမ်းတွင် အောက်တိုဘာ ၁၀ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည် သတင်းအရ မိုးညှင်းမြို့နယ်၊ဟိုပင်-နန့်မွန်းသွားကားလမ်းတွင် မောင်စိုး(၅၀)နှစ်မောင်းကာ ကံဦး(၂၈)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အားတား ဆီးစစ်ဆေးခဲ့ကြသည်။

ဆိုင်ကယ်ခွကြား၌ တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းရှိ ဆပ်ပြာခွက်များထဲ၌ ထည့်ထားသည့် ဘိန်းဖြူ(၁ ဒသမ ၁ ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးချက်အရ ဘိန်းဖြူများရောင်းချသူ ဒေါ်နွယ်(၅၆)နှစ်အား ညနေ ၄ နာရီ၌ ၎င်းနေထိုင်သည့် နန့်မွန်းမြို့၊လယ်ပုံတန်းရပ်ကွက်ရှိ နေအိမ်အ တွင်းမှထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဟိုပင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here