ဂျပန်နိုင်ငံရှိ ဂျပန်ကုမ္ပဏီ ၁၇၀ ခုမှမြန်မာအလုပ်သမား ၅၀၀ ကျော်ခေါ်ယူသွားမည်

0
442

ဂျပန်နိုင်ငံရှိ ဂျပန်ကုမ္ပဏီ ၁၇၀ ခုက မြန်မာအ လုပ်သမား အမျိုးသား၊အမျိုးသမီး ၅၀၀ ကျော်အား ခေါ်ယူသွားမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျိုမြို့)မှ သိရသည်။

မြန်မာသံရုံး(တိုကျိုမြို့)သည် အလုပ်သမားဝန် ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ(Demand Letter)များနှင့်ပတ်သက်၍ ဂျပန်နိုင်ငံရှိ အလုပ် သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တ ရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ စာရွက်စာ တမ်းအထောက်အထားများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိစီစစ်ခဲ့သည်။

ထိုသို့ စီစစ်ပြီးနောက် တွေ့ရှိချက်များအားနိုင်ငံ ခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန် ကြီးဌာနသို့ အလုပ်ကမ်းလှမ်းစာများနှင့်ပတ် သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားခဲ့သည်။

ဂျပန်ကုမ္ပဏီများမှခေါ်ယူမည့် မြန်မာအလုပ်သ မားများအား မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ ၄၆ ခုမှစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here