အုတ်တွင်းမြို့နယ်တွင် ချောင်းဖြတ်ကူးစဥ် တောင်ကျချောင်းရေစီးဆင်းမှုကြောင့် အမျိုးသားတစ်ဦး မျောပါသေဆုံး

0
260

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်ညနေပိုင်းက ငါးရှာရာမှချောင်းဖြတ်ကူးစဥ်တောင်ကျချောင်းရေစီးဆင်းမှုကြောင့် အမျိုးသား ၁ ဦးမျောပါသေဆုံးခဲ့သည်ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သိရသည်။

ယင်းနေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အုတ်တွင်းမြို့နယ်၊အနောက်တောင်ပေါ် ဘုဒလက်တံတား (လက်ပံခုံချောင်း)အတွင်းငါးရှာနေရာမှ ရေသိုးကျေးရွာနေ ကိုထက်သူအောင်(၂၂)နှစ်နှင့်အမျိုးသား ၁ ဦးတို့သည် ချောင်းအားဖြတ်ကူးခဲ့ကြသည်။

၎င်းတို့ဖြတ်ကူးစဥ် တောင်ကျချောင်းရေစီးဆင်းလာပြီး ကိုထက်သူအောင်သည် တောင်ကျရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အခြားလူငယ်မှာလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကိုထက်သူအောင်အား ရှာဖွေတွေ့ရှိရန် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် ညနက်ပိုင်းရေကျချိန်၌ စတင်မျောပါသည့်နေရာအနီးတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ကမ်းမယ့်လက်များအသင်းကဆယ်ယူ၍ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းကားဖြင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုဲသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here