တိုင်းရင်းသားအားလုံး ဒီမိုကရေစီအနှစ်သာရ အပြည့်အဝခံစားနိုင်ရေး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
405

အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၇) နှစ် အခမ်းအနားသို့ ပေးပို့သ ည့် Video မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့အနေနဲ့ တည်ဆဲဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရပါမယ်။ ဒါမှသာ တိုင်းရင်းသားအားလုံး ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ပြည်ထောင်စု စနစ်ရဲ့ ကောင်းမွန်တဲ့ အဓိပ္ပါယ် ပြည့်ဝမှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသ ည်။

ထို့အပြင် ဒို့တာဝန် အရေးသုံးပါး မူဝါဒကို လေးစားတန် ဖိုးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပေါင်းစည်း ညီညွတ်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ရန် NCA စာချုပ်ပါ ကတိကဝတ်များကို လေး‌လေးစားစား လိုက်နာကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်လက်မှတ် ရေးထိုးထားသ ည့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ရှိပြီး အဆိုပါ အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ဆက်လက်ပြု လုပ်နေခြင်း ဖြစ်သည်။

လတ်တလော ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်လည်း NCA စာချုပ်နှင့် ပတ်သက်၍ အမြဲတမ်းထည့်သွင်း ပြောဆိုခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယင်းသို့ ထည့်သွင်း ပြောကြားရခြင်းမှာလည်း NCA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် မရှိမဖြစ် လို အပ်သည့် အခြေခံ လုပ်ဆောင်ရမည့် ဖြစ်သည့်အတွက် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

NCA စာချုပ်သည် တစ်ဦးတစ်ယောက်အဖွဲ့အစည်း တစ်ခုက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ၏ ကနဦး အဆိုပြုချက်များကို အ စိုးရ၊ တပ်မတော်နှင့် ၊ တိုင်းရင်းသား လက်နက်များ ဆွေး နွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုးထားသည့် စာချုပ်ဖြစ် သည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here