တာမွေမြို့နယ်တွင် တိုက်ခန်းတစ်ခု၏ ဝရန်တာပြိုကျ၍ အမျိုးသမီး ၁ ဦးဒဏ်ရာရ

0
647

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ကျောက်မြောင်းကြီးရပ်ကွက်၊အောင်မင်္ဂလာလမ်းတွင် အောက်တိုဘာ ၁၅ ရက်(ယနေ့) နံနက်ပိုင်းက တိုက်ခန်းတစ်ခု၏ ဝရန်တာပြိုကျခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က ကျောက်မြောင်းကြီးရပ် ကွက်၊အောင်မင်္ဂလာလမ်း၊အမှတ် ၉၂ ၊(၂)ခန်းတွဲ (၅)ထပ်တိုက်၊အနောက်ဖက်ပထမထပ်ဘယ်ဘက်ခန်း၏ ဝရန်တာပြိုကျခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝရန်တာပြိုကျခဲ့သဖြင့် ယင်း အခန်းနေ ဒေါ်ခင်စန်းရီ(၅၀)နှစ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များနှငိ့တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအ သင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူများကလည်း အ ဆောက်အအုံကြံခိုင်မှုအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here