ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်ကက်တမင်းများအား ၆ ဘီးကုန်တင်ကားပေါ်မှ ဖမ်းမိ

0
363

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်းတွင် အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၏ ဆင်စားကုန်း ကျေးရွာအနီးတွင် မိုးကုတ်ဘက်မှပြင်ဦးလွင်ဘက်သို့ ငွေအောင် မောင်းကာ မင်းမင်း လိုက်လာသည့် DONGFENG ၆ ဘီးကားအား သတင်းအရရှာဖွေခဲ့ကြသည်။

ကားပေါ်ရှိ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၀ ကီလိုနှင့်ကက်တမင်း ၁ ကီလိုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ အိုက်စ်နှင့်ကက်တမင်းများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပူးပေါင်းပါ ဝင်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here