မြဝတီတွင်ယမန်နေ့ညကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ပုံမှန်ထက်အသွားအလာနည်းပါးနေ

0
291

ကရင်ပြည်နယ်၊မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးနှင့်ဘုရင့်နောင်စျေးအနောက်ဘက်တွင် ယမန်နေ့ညကဖြစ် ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်တို့ကြောင့် အောက်တိုဘာ ၁၆ ရက်(ယနေ့)တွင် မြဝတီမြို့၌ ပုံမှန်ထက်အသွားအလာနည်းပါးလျက်ရှိသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

“ညကဖြစ်စဥ်ပြီးတော့ ပုံမှန်ထက်အသွားအလာကျဲနေတယ် ဘုရင့်နောင်စျေးနောက်ကပေါက်ကွဲမှုဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး ညထဲကလုံခြုံရေးတွေတင်းကြပ်ထားတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေ ရာများတွင် လူမှုကူညီရေးအသင်းများနှင့်ရပ် ကွက်နေသူများက ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အမှတ်(၁)တံတားနားမှာဖြစ်တဲ့ပေါက်ကွဲမှုဖြစ်စဥ်မှာ အဲဒီနားက ဆိုင်တစ်ဆိုင်တော့ပျက်စီးမှုတွေရှိခဲ့တယ် အခုအပျက်အစီးတွေအကုန်လုံးကိုဝိုင်ရှင်းပေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အောက်တိုဘာလ ၁၅ ရက်ည ၇ နာရီ ၁၀ မိနစ်ခန့်က မြဝတီမြို့၊အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား၏ အနောက်ဘက်မီတာ ၅၀ ခန့်အကွာ လမ်းဘေးတွင်ရပ်ထားသည့် Honda Fit ကားပေါ်မှ ရီမုမိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် တံတားအနီးရပ်ထားသည့် ကား ၂ စီးမီးလောင်ပျက်စီးခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမှတ်(၄)ရပ်ကွက်၊ဘုရင့်နောင်ဈေးလမ်းပေါ်တွင် ရပ်ထားသည့် Pajero ကားပေါ်မှလည်း ည ၇ နာရီ ၁၅ မိနစ်ခန့်၌ ရီမုမိုင်း ၁ လုံးထပ်မံပေါက်ကွဲခဲ့သည်ဟု နစက ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here