မန္တလေးတွင် Mytel တာဝါတိုင်အနီး လက်ပစ်ဗုံးပေါက်ကွဲ၍ အမျိုးသမီး ၂ ဦးဒဏ်ရာပြီး ကားတစ်စီးပျက်စီး

0
316

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊သံလျှပ်မှော်တောင်ရပ်ကွက်ရှိ Mytel တာဝါတိုင်အနီးတွင် အောက်တိုဘာ ၁၅ ရက်ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၆ နာရီခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက သံလျှပ်မှော်တောင်ရပ်ကွက်၊အကွက်(၄၄၄)ရှိ Mytel တာဝါတိုင်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့ကြသည်။

လက်ပစ်ဗုံးသည် Mytel တာဝါတိုင်အနီး၌ ကျရောက်ပေါက်ကွဲခဲ့ကာ ဖြစ်စဥ်အနီးရှိ နေအိမ်တစ်လုံးအတွင်းရှိ အမျိုးသမီး ၁ ဦးနှင့်ဖြတ်သန်းသွားလာနေသည့် အမျိုးသမီး ၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်နေရာအနီးရှိ နေအိမ်အတွင်း၌ ရပ်ထားသည့် အိမ်စီးကားတစ်စီးမှာလည်း ဗုံးစထိမှန်၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၂ ဦးအား မန္တလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here