ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ရည်ရွယ်၍ Central Bank Bill ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူပြော

0
400

စီးပွားရေးစနစ်အတွင်း ပိုလျှံငွေကြေးကို သွယ်ဝိုက်နုတ် သိမ်းခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် ရ ည်ရွယ်၍ Central Bank Bill ထုတ်ဝေရန် စီစဉ်ခြင်း ဖြစ် ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူက ဆိုသည်။

Central Bank Bill ထုတ်ဝေရန် စီစဉ်နေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗဟိုဘဏ်၊ ငွေကြေးမူဝါဒ ကော်မတီ အစည်းဝေး (၉/၂၀၂၂) ၏ ဆုံးဖြတ်ချက်များကို ဗဟိုဘဏ်တာ ဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဗဟိုဘဏ်၏ အဓိကမဏ္ဍိုင် (၃) ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ငွေကြေးတည်ငြိမ်ရေးအတွက် သွ ယ်ဝိုက်ငွေကြေး မူဝါဒတစ်ခုကျင့်သုံး အကောင်အထည် ဖော်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ‌ဗဟိုဘဏ် ငွေချေးသက်သေခံလက်မှတ် ထုတ်ရောင်း စီစဉ်ရာတွင် ဗဟိုဘဏ် ဥပဒေပုဒ်မ ၆(က) အရ ငွေကြေးတည်ငြိမ်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ပုဒ်မ ၄၁(က) နှင့် ပုဒ်မ ၄၅ တို့အရ ငွေချေးသက်သေခံ လက် မှတ်များ ထုတ်ဝေ ရောင်းချခွင့် ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် Central Bank Bill ထုတ်ဝေခြင်းကို အတိုးစရိတ် အကုန်အကျခံကာ ဆောင် ရွက်ခြင်း ဖြစ်ပြီး Bill ထုတ်ဝေရောင်းချခြင်းမှ ရရှိမည့် ငွေကြေးများကို အစိုးရ စီမံကိန်းများ၊ တိုင်းပြည်၏ GDP တိုးတက်ရေးကို အထောက်အကူပြုမည့် ကဏ္ဍများအား Financing ပေးသွားမည် ဖြစ်ကြောင်းလည်း ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ကဲ့သို့ အခြားနိုင်ငံများရှိ ဗဟိုဘဏ်များသည်လည်း အစိုးရ၏ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် Central Bank Bill များ ထုတ်ဝေရောင်းချပေးလေ့ ရှိကြောင်းလည်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် Central Bank Bill ထုတ်ဝေ‌ ရောင်းချမည့်အစီအစဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသိပေးထားပြီးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here