ငါန်းဇွန်မြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံရ

0
260

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့‌ရကြောင်း သိရသည်။

 ငါန်းဇွန်မြို့၊ မြို့သာကျေးရွာနှင့် ဂျွန်းကန်ကျေးရွာအကြား ကျေးရွာ ချင်းဆက်လမ်း၌ အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဂျွန်းကန်ကျေးရွာနေ ဂျွန်းကန်အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမဖြစ်သူ ဒေါ်စီစီစိန်(၃၇)နှစ်သည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမင်းဇော်ဦး(၄၃)နှစ် (ဘ)ဦးဖိုးဆေးနှင့်အတူ မြို့သာကျေးရွာမှ ၎င်းတို့၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အမည်မသိလက်နက်ကိုင်များက  သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ဒေါ်စီစီစိန်နှင့် ဦးမင်းဇော်ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here