ကျေးလက်ဒေသပြောင်းလဲဖွံဖြိုးရေးကို ဦးတည်ဆောင်ရွက်ပေးရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
211

နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အောက်တိုဘာ ၁၆ ရက်က နေပြည်တော်ရှိ ရေ ဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရာတွင် ပြည်နယ်များနှင့်အခြားဖွံ့ဖြိုးမှု နောက်ကျနေသေးသည့် ဒေသများတစ်ပြိုင် တည်းဖွံ့ဖြိုးလာစေရန် ကျေးလက်ဒေသ ပြောင်း လဲဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။

ကျေးလက်ဒေသပြောင်းလဲဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားမြင့်မားခြင်း၊စီးပွားရေးလုပ်ငန်းများဖြစ်ထွန်းခြင်း၊ဈေးကွက်ဝင်ထုတ်ကုန်များပိုလျှံစွာထွက်ရှိခြင်း၊ကွဲပြားခြားနားသည့်ထုတ်လုပ်မှုပုံစံနှင့်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများပေါ်ထွန်းလာခြင်း လုပ်ငန်းများဖြစ်ပေါ်စေရမည်ဟု ပြောသည်။

“ဒေသ အလိုက်သင့်လျော်တဲ့ လယ်ယာပြင်ပလုပ်ငန်းတွေ စွန့်ဦးတီထွင်မှုအခွင့်အလမ်းတွေ ဒေသဖွံ့ဖြိုးမှုအတွက်သက်ဆိုင်တဲ့ မူဝါဒချမှတ်တာတွေမှာပါဝင်နိုင်စွမ်းတွေ မြင့်မားလာရမှာဖြစ်ပါတယ် ဒါမှသာ ကျေးလက်နေပြည်သူတွေ အဲဒီအခွင့်အလမ်းတွေ အကျိုးတရားတွေကို ရရှိမှာဖြစ်သလို ကျေးလက်ဒေသစီးပွားရေးနဲ့ဖွံ့ဖြိုးမှုကို ကျယ်ကျယ်ပြန့်ပြန့်မြင့်မားစေပြီး လူတိုင်းစေ့ငှတဲ့ ရေ ရှည်တည်တံ့ဖွံ့ဖြိုးသော ကျေးလက်ဒေသတွေ  ပေါ်ထွက်လာမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြော သည်။

ကျေးလက်ဒေသပြောင်းလဲဖွံ့ဖြိုးခြင်းဖြင့် မြေ ယာပိုင်ဆိုင်မှု၊နည်းပညာအသုံးပြုမှု၊ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်နိုင်မှု၊မြို့ပြရောက်လုပ်သားများပြန်လည်ကူးလူးပြောင်းရွှေ့လာမှုများဖြစ်ပေါ်လာပြီး ကျေးလက်ဒေသအတွက် ဘက်စုံအကျိုးတရားများ ရရှိမည်ဖြစ်ကာ နောက် ဆုံးတွင် လူမှုရေး၊စီးပွားရေးနှင့်ပတ်ဝန်းကျင်ဆိုင် ရာပြီးပြည့်စုံသည့် ပြောင်းလဲမှုများကိုကျေးလက်နေပြည်သူများရရှိစေမည်ဟု ပြောသည်။

နိုင်ငံတော်အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေး လက်သောက်သုံးရေနှင့်လျှပ်စစ်မီးရရှိရေးဆောင် ရွက်ခြင်း၊စီးပွားရေးလုပ်ဆောင်နိုင်ရန် အရင်းမပျောက်မတည်ငွေထူထောင်ပေးခြင်း၊အသက် မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ပြည်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးတို့ကို ဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်စေခြင်း၊တစ်နိုင်တစ်ပိုင်အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများကို နည်းပညာ၊အရင်းအနှီး၊ဈေးကွက်ရရှိစေရေး လူမှုအဖွဲ့အစည်းများနှင့်ညှိနှိုင်းပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြော သည်။

ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွား ရေးဖွံ့ဖြိုးမှုကို ပြန်လည်မြှင့်တင်နိုင်ဖို့ ငွေကြေးမတည်ငြိမ်မှုကြောင့် ရိုက်ခတ်လျက်ရှိတဲ့ အကျိုး ဆက်တွေကနေ ကာကွယ်နိုင်ဖို့ ကုန်ဈေးနှုန်းတည် ငြိမ်ဖို့အတွက် ဈေးကွက်လိုအပ်ချက်နဲ့ပြည်တွင်းထုတ်လုပ်မှုဟန်ချက်ညီစေဖို့ ပြည်နယ်တွေနဲ့ အ ခြားဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ ဒေသတွေကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးတာကြောင့် မြို့ပြနဲ့ကျေးလက်ကွာဟမှုကို လျှော့ချပေးနိုင်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ(၄၀၀)ထူထောင်ပြီး အကျိုးတူလယ်ယာစနစ်ကို တိုင်းဒေသကြီး မြစိမ်းရောင်စိုက်ပျိုးမွေးမြူ ရေးစီမံကိန်းတွေကို ပြည်နယ်တွေ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေမှာ စီမံဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here