ထိုင်ဝမ်ရေလက်ကြား၌ ရေနံတင်သင်္ဘောနစ်မြုပ်မှုတွင် မြန်မာနိုင်ငံသား Chief Officer တစ်ဦးသေဆုံး

0
389

ထိုင်ဝမ်ရေလက်ကြား၌ အောက်တိုဘာ ၁၅ ရက်ကနစ်မြုပ်ခဲ့သည့် ရေနံတင်သင်္ဘော Kelsey 2 ပေါ်တွင် တာဝန်ထမ်းဆောင်နေသူ မြန်မာနိုင်ငံသား Chief Officer ကိုတင်မောင်ဦး သေဆုံးခဲ့သည်ဟု Myanmar Seaman Union မှ သိရသည်။

ရေနံတင်သင်္ဘော Kelsey 2 သည် WOOSHIN Marine သင်္ဘောကုမ္ပဏီမှဖြစ်ကာ ရေနံနှင့်ဓာတုတန်ချိန် ၇၅၀၀ တင်ဆောင်၍ ဟောင်ကောင်မှတဆင့် ကိုရီးယားနိုင်ငံသို့ မောင်းနှင်လာခြင်းဖြစ် သည်။

ထိုသို့ မောင်းနှင်လာစဥ် အောက်တိုဘာ ၁၄ ရက်မှစတင်ကာ သင်္ဘော၏စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် အရှိန်လျော့မောင်းနှင်ခဲ့ပြီး ထိုင်ဝမ်ရေ လက်ကြား ဝူကျူကျွန်းတောင်ဘက် ရေမိုင် ၂၅ မိုင်ခန့်အရောက်တွင် အင်ဂျင်ခန်းအတွင်း ရေဝင်ရောက်ပြီးနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်စဥ် သင်္ဘောသား ၂၀ ဦးအနက် ၁၉ ဦးအားကယ်တင်နိုင်ခဲ့ကာ မြန်မာနိုင်ငံသား Chief Officer ဖြစ်သည့် ကိုတင်မောင်ဦး သေဆုံးခဲ့သည်။

မြန်မာနိုင်ငံသား Chief Officer ကိုတင်မောင်ဦး သေဆုံးရခြင်းအား Myanmar Seaman Union မှလည်း မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ရေးသားထားသည်။

Photo Credit – Maritime bulletin


LEAVE A REPLY

Please enter your comment!
Please enter your name here