လက်နက်ကိုင်များက ကျောင်းထိုင်ဆရာတော်အား သေနတ်ဖြင့်ပစ်သတ်မှု မိုးကောင်းတွင် ဖြစ်ပွား

0
561

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊(၄)မိုင်ကျေး ရွာရှိ သဒ္ဓမ္မပါလရေရှင်လေးမိုင် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒ သက်တော်(၅၇)နှစ်၊ဝါနော်(၂၇)ဝါအား အောက်တိုဘာ ၁၆ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခွဲကျော်ခန့်က အမည်မသိအ မျိုးသား ၁၀ ဦးခန့်မှ (၄)မိုင်ကျေးရွာရှိ သဒ္ဓမ္မပါလရေရှင်လေးမိုင် ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာကာ ဆရာတော် ဘဒ္ဒန္တသီလာနန္ဒ သီတင်း သုံးသည့်ကျောင်းပေါ်သို့တက်၍ ဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော် ဘဒ္ဒန္တသီလာနန္ဒသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ဘုန်းတော်ကြီးကျောင်းအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြု လုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here