ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးပစ်ခတ်ခံရ၍သေဆုံး၊ ထွေအုပ်စာရေးတစ်ဦး ဒဏ်ရာရ

0
437

မန္တလေးတိုင်းဒေသကြီး ၊ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးအား  ယနေ့ နေ့လယ်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် သေဆုံးသွားကြောင်း သိရသည်။

ယနေ့အောက်တိုဘာလ (၁၇) ရက် မွန်းလွဲ (၁) နာရီခွဲ ဝန်း ကျင်တွင် ဝမ်းတွင်းမြို့အဝင်ရှိ ရွှေနှင်းရည် မြန်မာထမင်းဆိုင်တွင် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ ထွေအုပ်စာရေး ကိုငြိမ်းချမ်းအောင်တို့ ထမင်းထိုင်စားနေစဉ် ပစ်ခတ်ခံခဲ့ရခြ င်းဖြစ်ကြောင်း သိရသည်။

” အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးရယ် ထမင်းထိုင်စားနေတုန်းအပစ်ခံရတာ။ မန္တလေးဘက်က ဝမ်းတွင်း အဝင် Danko ဆီဆိုင်နားက နားက ရွှေနှင်းရည် မြန်မာထမင်းဆိုင်မှာ။ အုပ်ချုပ်ရေးမှူးကတော့သေသွားတယ်။ ငြိမ်းချမ်းအောင်ကတော့ ဆေးရုံပို့လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဝမ်းတွင်းမြို့နယ် အုပ် ချုပ်ရေးမှူး ဦး ကျော်မိုးဦးသည် ဒုရဲမှူးဝာာဝန်မှာ အုပ်ချုပ်ရေးမှူးအဖြစ် အသွင်ပြောင်း ရောက်ရှိလာသူဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ထွေအုပ်စာရေး ကိုငြိမ်းချမ်းအောင်မှာ သေနတ်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံ သတင်းရင်း မြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here