ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသောရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့် ပတ်သတ်၍ စွဲချက်တင်သင့်မတင်သင့် မနက်ဖြန် အမိန့်ချမှတ်မည်

0
182

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့်ပတ်သက်၍ စွဲချက်တင်သင့်မတင်သင့် မနက်ဖြန် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ယနေ့ (အောက်တိုဘာလ ၁၇) တွင် နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ မျက်မြင်သက်သေနှစ်ဦးအား ဆက်လက် စစ်ဆေးခဲ့ပြီး အပြီးသတ် လျှောက်လဲချက်များ ပေးခဲ့ကြရကြောင်း သိရသည်။

“ရှာဖွေသက်သေ နှစ်ယောက် ဖြစ်တဲ့ ရာအိမ်မှုးတွေကို စစ်ဆေးခဲ့တယ်။ စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက် ပေးရတယ်။ မနက်ဖြန် ကျရင် စွဲချက် တင်သင့် မတင်သင့်ကို အမိန့်ချမယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့်တရားစွဲဆို ခံခဲ့ရပြီး လက်ရှိအချိန်တွင် ထိုအထဲမှ ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် အထိ ချမှတ်ခံထားရကာ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅မှု အတွက် ဆက်လက်ရင်ဆိုင်နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here