MMA ချန်ပီယံဟောင်း အောင်လအန်ဆန် နိုဝင် ဘာ ၁၉ ရက်၌ ဂျပန်နိုင်ငံသား MMA ဖိုက်တာနှင့်ထိုးသတ်သွားမည်

0
326

MMA ချန်ပီယံဟောင်း အောင်လအန်ဆန်သည် စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံ သား MMA ဖိုက်တာတစ်ဦးဖြစ်သည့် အိုကာမီနှင့်ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

MMA ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့် MMA ဖိုက်တာ အိုကာမီတို့သည် မစ်ဒယ်ဝိတ်တန်းအနေဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ One Championship မှလည်း အသိပေးကြေ ညာထားသည်။

အောင်လအန်ဆန်နှင့်ယှဥ်ပြိုင်ထိုးသတ်မည့် MMA ဖိုက်တာ အိုကာမီသည် အသက် ၄၁နှစ်အရွယ်ရှိပြီး ယှဥ်ပြိုင်ထိုးသတ်ခဲ့သည့် MMA ပွဲစဉ် ၅၁ ပွဲတွင် ၃၇ ပွဲအနိုင်ရရှိထားကာ ၁၄ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here