ရန်ကုန်တိုင်းရှိ မြို့နယ် ၄ ခုတွင် စိတ်ကြွဆေးပြားများအပါအဝင် မူးယစ်ဆေးဝါးများဖမ်းမိ

0
332

ရန်ကုန်တိုင်းရှိ အင်းစိန်၊သင်္ဃန်းကျွန်း၊ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့်မြောက်ဥက္ကလာပမြို့နယ်တို့မှ အောက်တိုဘာ ၁၅ ရက်နှင့် ၁၄ ရက်တို့က စိတ်ကြွ ဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါး အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဥ်များတွင် အောက်တိုဘာ ၁၅ ရက်မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ သတင်းအရ အင်းစိန်မြို့နယ်၊ရွာမအနောက်ရပ် ကွက်၊ဖန်ချက်စက်လမ်းနေ သူရလွင်(၂၇)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေ အိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ယင်းနေ့ည ၆ နာရီတွင်လည်း သင်္ဃန်းကျွန်းမြို့ နယ်၊ (ဆ/က)ရပ်ကွက်၊လေးထောင့်ကန် လမ်း တွင် လမ်းလျှောက်လာသည့် မောင်မောင်ရွှေ(ခ) အစ်စမိုင်(၃၆)နှစ်ထံမှ စိတ်ကြွဆေးပြား ၂၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ည ၇ နာရီခွဲ၌ ၎င်းတည်းခိုနေ ထိုင်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ (စီ)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၏ အခန်းအ တွင်းမှ စိတ်ကြွဆေးပြား ၈၀၀၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၄ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်၌လည်း မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ် ကွက်၊သုဓမ္မလမ်းတွင် လမ်းလျှောက်လာသည့် စည်သူတေဇာထွဏ်း(ခ)စည်သူ(၃၂)နှစ်၊အေး ချမ်းမောင်(ခ)ပါကျဲ(၂၇)နှစ်နှင့်မသင်းမြတ်စိုး (၂၉)နှစ်တို့အား စိတ်ကြွဆေးပြား ၁၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် အေးခန်းမောင်(ခ)ပါကျဲ ငှားရမ်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊(ည)ရပ်ကွက်၊ဧရာ(၈) လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၅၇၆၀၀ ပြား၊အိုက်စ်(၆၀၀ ဂရမ်)၊ဘိန်းဖြူ(၁၀ ဂရမ်)နှင့်ဆေးခြောက်(၁၀၀၀ ဂရမ်)တို့အား ထပ် မံသိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here