လားရှိုးမြို့တွင် ခြံစည်းရိုးအုတ်တံတိုင်းပြိုကျ၍ အမျိုးသား ၁ ဦးပိမိသေဆုံး

0
376

ရှမ်းပြည်နယ်၊လားရှိုးမြို့၊အမှတ်(၇)ရပ်ကွက်တွင် အောက်တိုဘာ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက ခြုံစည်းရိုးအုတ်တံတိုင်းပြိုကျ၍ အမျိုးသား ၁ ဦးပိမိသေဆုံးခဲ့သည်ဟု လာရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့-လားရှိုးမြို့မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီကျော်ခန့်က လားရှိုးမြို့၊အ မှတ်(၇)ရပ်ကွက်၊လွယ်ပြေတောင်တက်လမ်းရှိ နေအိမ်ခြံဝင်းတစ်ခုတွင် အုတ်တံတိုင်းပြိုကျကာ အမျိုးသားတစ်ဦးပိမိနေကြောင်း သတင်းအရ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့-လားရှိုးမြို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ အမျိုးသား ၁ ဦးသည် အုတ်တံ တိုင်းပြိုကျရာတွင်ပိမိပြီး ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့်  လာရှိုးလူငယ်များလူမှုကူညီရေးအ ဖွဲ့-လားရှိုးမြို့က သေဆုံးသူ၏ ရုပ်အလောင်းအားသယ်ထုတ်၍ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ PR-001 ဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့-လားရှိုးမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here