နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ဖောက်ဖျက်သည်ဟုဆိုကာ Thomas Money Changer အား လိုင်စင်ဖျက်သိမ်း

0
385

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၂) အားဖောက် ဖျက်သည်ဟုဆိုကာ Thomas Khanno Co., Ltd ၏ Money Changer လိုင်စင်အား ဗဟိုဘဏ်က ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။

Thomas Money Changer သည် လုပ်ငန်းများဆောင် ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥ ပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလု ပ်နည်းများနှင့် အညီဆောင်ရွက်ခြင်းမရှိသည့်အတွက် ပု ဒ်မ ၃၅(င)အရ လိုင်စင်အားဖျက်သိမ်းခဲ့ခြင်းဖြစ်ကြော င်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

Thomas Khanno Co., Ltd သည် ၂၀၁၆ ခုနှစ်၊ ဖေဖော် ဝါရီ ၁၇ ရက်တွင် ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် Money Changer License အမှတ် CBM – FEMD ( စီဘီအမ်- အက်ဖ်အီးအမ်ဒီ ) ၂၉၆/၂၀၁၆ ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြီးခဲ့သည့် ရက်ပိုင်းအ တွင်းကလည်း နိုင်ငံခြားသုံးငွေ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ခြင်း လုပ်ကိုင်နေသည့် လုပ်ငန်း(၂) ခုအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တရားစွဲဆိုခံခဲ့ရသည့် လုပ်ငန်း (၂) ခုမှာ Perfect Money နှင့် B to P Money exchange တို့ဖြစ်ပြီး နိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၈) အားဖောက် ဖျက်ကျူး လွန်သဖြင့် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒ ပုဒ်မ (၄၂) အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here