၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ပထမဆုံးအကြိမ်အဖြစ် ရုရှားစီးပွား ရေးလုပ်ငန်းရှင်များတက်ရောက်

0
253

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှစတင်ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတ နာပြပွဲအား ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ မြန် မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြပြီး ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့်ခင်းကျင်းပြသထားသည့် မြန်မာ့ကျောက်မျက်ရတနာများအား ကြည့်ရှုခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတ နာပြပွဲအား အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အ ထိ ပုလဲအတွဲ ၄၀၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့်ကျောက်စိမ်းအတွဲ ၂၁၅၀ တို့အား ခင်းကျင်းပြ သ၍ ပြည်တွင်း၊ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်သည်။

ထိုသို့ ရောင်းချရာ၌ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေး အမေရိကန်ဒေါ်လာ ၁၀၀၀၊ ကျောက်မျက်အတွဲများအတွက် အနိမ့်ဆုံးအခြေ ခံဈေး ယူရို ၅၀၀၊ ကျောက်စိမ်းအချောထည်အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေး ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲ များအတွက် အနိမ့်ဆုံးအခြေခံဈေး ယူရို ၅၀၀၀ သတ်မှတ်ထား သည်။

ငွေပေးချေရာတွင်လည်း အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here