ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် ၁၂ ဘီးကုန်တင်ကား ချောက်ထဲထိုးကျ ကားမောင်းသူလက်နှစ်ဖက်ကျိုး

0
367

ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် အောက် တိုဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ၁၂ ဘီးကုန်တင်ကားတစ်စီး ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တ လေးတိုင်းရုံး)မှ သိရသည်။

ယနေ့နံနက်ပိုင်းက ပြောင်းစေ့များတင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ကားသည် ပြင်ဦးလွင်-မန္တ လေးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၉ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သက်ဆိုင်ရာနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၊စေတနာမွန်လူမှုကူညီရေးအ သင်း(အုန်းချော)တို့မှ ကူညီကယ်ဆယ်ရေးလုပ် ငန်းများပြုလုပ်ခဲ့ကြသည်။

ချောက်ထဲထိုးကျမှုကြောင့် ကားမောင်းသူမှာ လက်နှစ်ဖက်လုံးကျိုးသွားခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်ရရှိခဲ့သဖြင့် စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here