သာကေတမြို့နယ်ရှိ သောက်သုံးရေကန်အတွင်း ၌ အမျိုးသား ၁ ဦး၏ရုပ်အလောင်းတွေ့ရှိ

0
293

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၁/အနော်မာရပ် ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ အမျိုးသား ၁ ဦး၏ရုပ်အလောင်းအား အောက်တိုဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ပေး ဆပ်သူတို့နှလုံးသားပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ သေဆုံးနေသည့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ သာကေတမြို့နယ်ရှိ လူမှုကူညီရေးအသင်းများပူးပေါင်း၍ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ အမည်၊အသက်၊နေရပ်လိပ်စာ (စီစစ်ဆဲ)အမျိုးသား ၁ ဦးသည် ၁/အနော်မာရပ် ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ ရေနစ်သေ ဆုံးနေခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆယ်ယူခဲ့ကြကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စစ် ဆေးချက်များပြီးနောက် ရုပ်အလောင်းအား ပေး ဆပ်သူတို့နှလုံးသားပရဟိတအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Photo-ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here