၂ နှစ်ကြာရပ်နားခဲ့သည့် ပြင်ဦးလွင်တန်ဆောင် တိုင်မီးပုံးပျံပွဲတော်အား နိုဝင်ဘာ ၄ ရက်မှစတင် ၍ ပြန်လည်ကျင်းပမည်

0
497

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ၂၀၂၀ ပြည့်နှင့်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကြောင့် ၂ နှစ်ကြာရပ်နားထားခဲ့သည်။

ထိုသို့ ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ၁၆ ကြိမ်မြောက်အဖြစ် နိုဝင်ဘာ ၄ ရက်မှစတင်၍ ၈ ရက်အထိ ပြင်ဦးလွင်မြို့၊မဟာအံ့ထူးကံသာ ဆုတောင်း ပြည့်ဘုရားကြီးအနီးရှိ မီးပုံးပျံကွင်း၌ ၅ ရက်ကြာပြန်လည်ကျင်းပသွားရန်စီစဥ်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။

မီးပုံးပျံပွဲတော်၌ နေ့လည်ပိုင်းတွင် နေ့အရုပ်အလှမီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ပိုက်ကျော်ခြင်းပြိုင် ပွဲ၊ဘောလီဘောပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲများပြုလုပ်သွားမည်ဖြစ်ကာ ညပိုင်းတွင်လည်း ညမီးကျည်နှင့်စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မီးပုံးပျံပွဲတော်၌ ၁၂ ပွဲဈေးသည်များ၊အ စားအသောက်အမျိုးမျိုးအရောင်းဆိုင်များ၊လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊အပျော်စီးချားရဟတ်များလည်း လာရောက်ရောင်းချရန် ပွဲ တော်ကျင်းပရေးကော်မတီက ဖိတ်ခေါ်ထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here