ပြည်ပမှတင်သွင်းမည့် ဆေးဝါးအချို့ အခွန်ကင်းလွတ်ခွင့်ပြု

0
432

ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများထဲမှ  ပါရာစီတ မောလ်နှင့် ဂလူးကို့စ် အပါအဝင် ဆေးဝါး (၁၈) မျိုးကို အခွန်ကင်းလွတ်ခွင့်ပြုကြောင်း အကောက်ခွန် ဦး စီးဌာနက သတင်း ထုတ်ပြန် သည်။

အကောက်ခွန်ဦးစီးဌာနက အခွန်နှုန်းများကို အောက်တို ဘာ (၁၈) ရက် တွင် ပြောင်းလဲကျင့်သုံးခဲ့ရာတွင် အဆိုပါ ဆေးဝါး (၁၈) မျိုးကို အခွန်ကင်းလွတ်ခွင့် ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့် ရရှိသွားသည့် ဆေးဝါး (၁ ၈) မျိုးမှာ ပါရာစီတမောလ်၊ အက်စ်ပရင် ဆေးပြား၊ ကလိုဖယ်နီရာမင်း၊ ဒိုင်ရာဇီပင်၊ မယ်ဗင်ဒါဇော၊ ဂျင်တာမိုင် စင်၊ မက်ထရိုနိုင်ဒါဇော၊ ပရိုပယ်နာလော၊ ဓါတ်ဆားရည်၊ ကလိုပရိုမာဇင်း၊ ဆယ်(လ)ဗြူတာမော၊ ဂလူးကို(စ်)+ဓါ တ်ဆားရည် အကြောသွင်းဆေး၊ ရီဖင်ပီဇင်၊ အီသမ်ဗြူတော၊ အိုင်ဆိုနိုုင်ရာဇိုက်၊ ဖရူဆီမိုက်၊ ဒိုင်ဂေါ့ဆင်း၊ ပရက်(စ်)နီဆလုံး စသည့်ဆေးဝါးများဖြစ် ကြောင်း သိရသည်။

ထို့အပြင် ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများထဲမှ MA CCS ဌာနခွဲ၏ကြေညာချက်အမှတ် (၁၉/၂၀၂၂) နောက် ဆက်တွဲ (က) ပါ ဆေးဝါး  (၂၁) မျိုးကို အကောက်အခွန် (၅) ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ပြီး ကျန်ဆေးဝါးများကို အခွန် (၁.၅) ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

အခွန်ကင်းလွတ်ခွင့်ရသည့် ဆေးဝါး (၁၈) မျိုးမှာ အမိန့် စာအရ အခွန်ကင်းလွတ်ခွင့်ရသည့်အတွက်  Excempt ion Code – EMFD ဖြင့် ဖြည့် စွက်ကြေညာရမည်ဖြစ်ပြီး Note အကွက်တွင် အမိန့်ကြော်ငြာစာအမှတ် ဖော်ပြကြေ ညာရမည်ဖြစ်ကြောင်းလည်း အကောက်ခွန် ဦးစီးဌာန  MACCS ဌာနခွဲက ထုတ်ပြန် ကြေညာထားသည်။

အခွန်နှုန်း ၁.၅ ရာခိုင်နှုန်း ကောက်ခံသွားမည့် ဆေးဝါးများအနေဖြင့်လည်း ယင်းသို့ ကောက်ခံနိုင်ရန် ထုတ်ပြန်ချက်၏ ပူးတွဲဇယားပါ HS Code  များ၏ နောက်တွင် Obelisk Code 4  ဖြင့်  ကြေညာလွှာ တင်သွင်းရမည်ဟုလည်း ဆိုသည်။

ဆေးဝါး တင်သွင်းသူများ အနေဖြင့် အသေးစိတ်အချက် အလက်များကို သိရှိလိုပါ က MACCS ဌာနခွဲ၏ Help Desk Section (၀၁-၃၇၉၄၂၉) သို့လည်းကောင်း၊ ထုတ် ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲသို့လည်း ကောင်းရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်းလည်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here