ဖိလစ်ပိုင်သည် ရုရှားနှင့်စာချုပ်ကိုဖျက်သိမ်းပြီး အမေရိကမှစစ်ရဟတ်ယာဉ်များဝယ်ယူမည်

0
285

မနီလာ၊အောက်တိုဘာ ၂၀

ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ဖိလစ်ပိုင် ပီဆို ၁၂ ဒသမ ၇ ဘီလီယံ(ကန်ဒေါ်လာ ၂၁၆ ဒသမ ၀၄ သန်း)တန်ဖိုးရှိသည့် ရုရှားနှင့်သဘောတူညီချက်ကိုဖျက်သိမ်းကာ ၎င်း၏အစိုးရသည် အမေရိကန်ပြည်ထောင်စုထံမှ စစ်ရဟတ်ယာဉ်များကိုဝယ်ယူမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

မားကို့စ်၏သဘောထားမှတ်ချက်များအရ အမေရိကနှင့်သဘောတူညီချက်တစ်ရ ကို လက်မှတ်ရေးထိုးထားပြီးခြင်းရှိမရှိ မသေချာသော်လည်း ရုရှားနှင့်အစိုးရ၏သဘောတူညီချက် အခြေအနေနှင့်ပတ်သက်၍ မေးခွန်းထုတ်ရန်သာရည်ရွယ်ခြင်းဖြစ်သည်။

“အခုဆိုရင်ကျွန်တော်တို့မှာ အမေရိကန်ပြည်ထောင်စုဆီကနေ အစားထိုးထောက်ပံ့မှုတစ်ခုကို အာမခံထားနိုင်ပါပြီ၊ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့မှာအစားထိုးစရာတစ်ခုကတော့ရှိနေပါပြီ” ဟု သမ္မတမားကို့စ်က စီးပွားရေးဖိုရမ်တစ်ခု၏ပြင်ပ၌ သတင်းထောက်များအားပြောကြားခဲ့သည်။

သို့သော် GMA အွန်လိုင်းသတင်းဌာနမှ ရုရှားသံအမတ်ကြီး မဲရတ်ပါးဗို့အားကိုးကား၍ဖော်ပြချက်အရ ရုရှားအနေဖြင့် စာချုပ် ဖျက်သိမ်းခြင်းကို တရားဝင်အသိပေးချင်းမရရှိခဲ့သည့်အတွက် ဖိလစ်ပိုင်သည် အဆိုပါသဘောတူညီချက်ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source :Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here