ကော့ကရိတ် မြို့ပေါ်တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုများရှိ၊ ရဲစခန်းနှင့် ရဲအချုပ်ထောင်ကို KNLA ပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်း

0
468

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း အရပ်သား ပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။

အောက်တိုဘာ (၁၈) ရက် ညနေပိုင်းမှ စတင်ကာ စစ်ရေးတင်းမာနေသည့် နှစ်ဖက်အဖွဲ့များအကြား ယနေ့ နံနက်အ စောပိုင်းတွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီ ဝန်းကျင်မှ စတင်ကာ ကော့ကရိတ်မြို့ပေါ်ရှိ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးနှင့် ရဲအချုပ်ထောင်၊ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် စပ်တပ် လုံခြုံ ရေး ကင်းစခန်းများကို လည်း KNLA ၊ ကောသူးလေ တပ် အပါ အဝင် PDF တပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်း တပ်ဖွဲ့များ က ဝင်ရောက် စီးနင်း ခဲ့ရာမှ နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း လူနေအိမ်များနှင့် အများပြည်သူ ပိုင်အဆောက်အဦများ လက်နက်ကြီး ထိမှန် ပျက်ဆီးမှုများ ရှိသလို ဒေသခံ ပြည်သူတစ်ဦး လက်နက်ကျည် ထိမှန် သေဆုံးကာ အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” အရပ်သား တစ်ယောက်သေတယ်။ လောလောဆယ် ။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ် ။ အနည်းဆုံးတော့ နှစ်ယောက်ပဲ။ စစ်တပ်က လေယာဉ်နဲ့ ပစ်နေတယ်။ ဗုံးကျဲတာတွေ လုပ်နေတယ်။ တပ်ရင်း (၉၇) ထဲက လက်နက်ကြီးနဲ့ ပစ်နေတယ်။ အရပ်သားတွေ ဘေးလွတ်ရာ ရှောင်ရှားကြဖို့ တပ်လှန့်ထားရတာပေါ့” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
လက်ရှိတွင် KNLA ပူးပေါင်းနပ်ဖွဲ့များက ရဲစခန်းနှင့် အ ချုပ်ထောင်ကို စီးနင်းခဲ့ပြီး စစ်တပ် လုံခြုံရေးကင်းစခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

မြန်မာ့ တပ်မတော်က လေကြောင်း ပစ်ကူများ၊ လက်နက် ကြီးပစ်ကူများဖြင့် နယ်မြေစိုးမိုးရေးနိုင်ရန် လုပ်ဆောင်နေပြီး ကော့ကရိတ်မြို့အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

” ကော့ကရိတ်မှာစစ်ဌာနချူပ်ရှိတော့ဒါကိုလုပ်ချင်တာ” ဟုတပ်မ​တော်နှင့်နီးစပ်သူတဦးက ​ပေါ်ပြူလာနယူးစ်သို့​သုံးသပ်ပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here