ပင်စင်လာထုတ်သည့် သက်ကြီးဘိုးဘွား ၂၀၀၀ ကျော်အား ဆုလာဘ်ပိုင် အိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်ကုမ္ပဏီမှ ၄ ကြိမ်မြောက်အဖြစ် အာဟာရဒါနကျွေးမွေးလှူဒါန်း

0
160

ပင်စင်လာထုတ်သည့် သက်ကြီးဘိုးဘွား ၂၀၀၀ ကျော်အား ဆုလာဘ်ပိုင် အိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်ကုမ္ပဏီမှ ၄ ကြိမ်မြောက်အဖြစ် အာဟာရဒါနကျွေးမွေးလှူဒါန်း

နေပြည်တော်၊ပျဥ်းမနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် သက် ကြီးဘိုးဘွားများနှင့်နိုင်ငံ့ဝန်ထမ်း ၂၀၀၀ ကျော်အား ဆုလာဘ်ပိုင် အိမ်ခြံမြေနှင့်အထွေထွေအ ကျိုးဆောင်ကုမ္ပဏီမှ အောက်တိုဘာ ၂၁ ရက် (ယနေ့)တွင် ၄ ကြိမ်မြောက်အဖြစ် အာဟာရဒါနကျွေးမွေးလှူဒါန်းခဲ့သည်။

ဘိုးဘွား ၂၀၀၀ ကျော်အား မော်လမြိုင်မုန့်ဟင်းခါးနှင့်သောက်ရေသန့်များအား ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ဘိုးဘွားများအား စိတ်အလိုရှိရာနှင့်သာ သနာပြုလှူဒါန်းနိုင်စေရန် ရည်ရွယ်၍ ထီလက် မှတ်များ၊ဓမ္မဒါနအဖြစ်တရားစာအုပ်များကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ အဝေးကြီးကနေလာပြီး ပင်စင်လာထုတ်ကြတဲ့ အဘိုးအဘွားတွေနဲ့ အ ငြိမ်းစားဝန်ထမ်းတွေအတွက် လစာထုတ်ယူဖို့ စောင့်ဆိုင်းရတဲ့ အချိန်တိုလေးအတွင်းမှာ တစ်ခဏတာ အမောပြေစေပြီး စိတ်ကြည်နူးစေဖို့ က ရုဏာရှေ့ထားဖေးမပြီး ဒီအလှူလေးကို ကာလဒါ နအဖြစ် လစဉ်ကုသိုလ်ပြုလှူဒါန်းပေးခြင်းဖြစ်ပါတယ်”ဟု ဆုလာဘ်ပိုင်ကုမ္ပဏီ၏ MD ဦးအောင်ဘိုဘိုကပြောသည်။

ဆုလာဘ်ပိုင်အိမ်ခြံမြေနှင့်အထွေထွေအကျိုး ဆောင်ကုမ္ပဏီမှ လစဥ် သက်ကြီးရွယ်အို သီလ ရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းတို့အပြင် အခြားကုသိုလ်ပြုပွဲများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here