ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀၀၀၀) doses နှင့်ဆေးထိုးအပ်များအား ထိုင်းနိုင်ငံက မြန်မာနိုင် ငံကြက်ခြေနီအသင်းမှတဆင့်လှူဒါန်း

0
208

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ကိုဗစ်(၁၉)ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အ ထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှတဆင့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀၀၀၀) doses နှင့်ဆေးထိုးအပ်များအား လှူဒါန်းခဲ့သည်။

အဆိုပါ ဆေးများနှင့်ဆေးထိုးအပ်များသည် အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်လေ ဆိပ်သို့ရောက်ရှိခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ ဝန်ရှိသူများ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာ ဝန်ရှိသူများနှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များမှ လွှဲပြောင်းလက်ခံခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးအား အခြေခံပညာကျောင်းသား၊ကျောင်းသူများအား ထိုးနှံပေးခဲ့သည်။

ထို့ကြောင့် အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၉၄ ဒသမ ၃၅)ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပကလေးများအား အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၇ ဒသမ ၈၉)ရာ ခိုင်နှုန်းရှိပြီဖြစ်သည်။ 

ထိုင်းနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်(၁၉)ရောဂါ ကာ ကွယ်ဆေး Pfizer Vaccine များအား အသက်(၅) နှစ်မှ(၁၁)နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးရသေးသည့် အခြေခံပညာကျောင်းသား၊ကျောင်း သူများနှင့်ကျောင်းပြင်ပကလေးများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here