မြန်မာ့ဆိပ်ကမ်း (TMIT) တွင် သင်္ဘောတစ်စီးပေါ်မှ မီးတောက်မရှိဘဲ မီးခိုးများထွက်နေ၍ ၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

0
195

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊အေးမြသီတာရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်း(TMIT)တွင် အောက် တိုဘာ ၂၁ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၁၂ နာရီ ၁၅ မိနစ်ခန့်က ကျောက်တန်းမြို့နယ်၊ အေးမြသီတာရပ်ကွက်၊ မြန်မာ့ဆိပ်ကမ်း (TMIT)တွင် ဆိုက်ကပ်ထားသည့် ကျောက်မီး သွေးနှင့်သံထည်ပစ္စည်းများတင်ဆောင်လာသည့် သင်္ဘောသည် မီးတောက်မရှိပဲ မီးခိုးများထွက်နေခဲ့သည်။

ဖြစ်စဥ်အား သတင်းအရ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှမီးသတ်ကား ၃ စီး၊တောင်ပိုင်းခ ရိုင်မီးသတ်စခန်းမှမီးသတ်ကား ၂ စီးတို့ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် အောက်တိုဘာ ၂၂ ရက်နံနက် ၃ နာရီ ၂၃ မိနစ်၌ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ ဖြစ် ပွားရသည့်အကြောင်းရင်းအား တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here