ကမ္ဘာအေးဘုရားလမ်းမ‌‌ပေါ်တွင် ကား ၆ စီးတိုက်၍ ၄ ဦးဒဏ်ရာရ

0
129

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းတွင် အောက်တိုဘာ ၂၁ ရက်ညပိုင်းက ကား ၆ စီးတိုက်မိ၍ ၄ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မေတ္တာ သီတာ ရေစင်ပရဟိတအသင်းမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီခွဲခန့်က ကမ္ဘာအေးဘုရားလမ်းတွင် ကိုယ်ပိုင်ကားများ၊အဌားကားနှင့်ဟိုက်ဂျက်ကားတို့ တိုက်မိခဲ့ခြင်းဖြစ်၍ မေတ္တာ သီတာ ရေစင်ပရဟိတအသင်းနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့သတင်းရလို့ ကားတိုက်တဲ့နေရာကိုရောက်သွားတော့ တခြားပရဟိတအသင်းက ဒဏ်ရာရတဲ့လူ ၃ ယောက်ကိုဆေးရုံပို့လိုက်ပြီလို့ သိရတယ်၊ ဘယ်ကားကဘယ်လိုတိုက်တယ်ဆိုတာလည်း ကျွန်တော်မသိပါဘူး”ဟု မေတ္တာ သီတာ ရေစင်ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၄ ဦးအနက် ၃ ဦးအား အခြားလူမှုကူညီရေးအသင်းမှလူနာတင်ကားများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်နေရာ၌ မျက်နှာတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား မေတ္တာ သီတာ ရေစင်ပရ ဟိတအသင်းဝင်များက အခင်းဖြစ်နေရာ၌ ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ကား ၆ စီးတိုက်မိမှုကြောင့် ကားများပျက် စီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Photo-မေတ္တာ သီတာ ရေစင်ပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here