ဘိုင်ဒင်အစိုးရသည် အီရန်တွင် ဂြိုလ်တု အင်တာနက် သုံးစွဲနိုင်ရန်အတွက် အီလွန်မက်စ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေ

0
199

ဝါရှင်တန်၊ အောက်တိုဘာ ၂၂

အိမ်ဖြူတော်သည် အီရန်နိုင်ငံအတွင်း စပေ့အိတ်စ် ၏ ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုဖြစ်သော စတားလင့်ကို တည်ထောင်ပေးနိုင်ခြေနှင့် ပတ်သက်၍ အီလွန်မက်စ် နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူ အရာရှိ အများအပြားက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးမှုများမှာ လွန်ခဲ့သည့် တစ်လကျော်က အီရန်၌ အသက် ၂၂ နှစ်အရွယ် မာဟာရှ် အာမီနီသည် စာရိတ္တပြုပြင်ရေး ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းကိုခံရကာ သံသယဖြစ်ဖွယ် အခြေအနေများအောက်တွင် သေဆုံးသွားခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော အီရန်ဆန္ဒပြလှုပ်ရှားမှုကို ထောက်ပံ့ရန် ဘိုင်ဒင်အစိုးရက နည်းလမ်းများ ရှာဖွေနေစဉ် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

အိမ်ဖြူတော်က စတားလင့်၏ ကျစ်ကျစ်လျစ်လျစ်နှင် အသုံးပြုရလွယ်ကူသော နည်းပညာအား တက်ကြွလှုပ်ရှားသူများ၏ အင်တာနက်အသုံးပြုမှုနှင့် ဆက်သွယ်ရေးကို ကန့်သတ်ရန် ကြိုးပမ်းနေသော အီရန်အစိုးရ၏ ပြင်းထန်သော အားထုတ်မှုများအပေါ် ဖြေရှင်းနိုင်မည့် အလားအလားရှိသော နည်းလမ်းတစ်ခု အဖြစ် ရှုမြင်ထားသည်။

“အီရန်ပြည်သူတွေရဲ့ ဆန္ဒတွေကို ပံ့ပိုးဖို့ တက်နိုင်သမျှ လုပ်နိုင်သမျှကို လျင်လျင်မြန်မြန်နဲ့ ကြိုးစားလုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါဟာ တကယ်ပဲ ငယ်ရွယ်တဲ့ မိန်းမငယ်လေးတွေ ဦးဆောင်ခဲ့တဲ့ အီရန် လှုပ်ရှားမှုဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ တခြားကဏ္ဍတွေအထိ ပျံ့နှံ့စေခဲ့ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကကို ဘယ်နည်းနဲ့မှ တားဆီးခံရမျိုး မဖြစ်စေချင်ပါဘူး” ဟု အကြီးတန်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here