ဆီဈေးတက်မည် အထင်ဖြင့် တန်းစီဝယ်ယူမှုများကြောင့် ဆီပြတ်တောက်မှုများရှိနေသော်လည်း နိုဝင်ဘာအထိ ဆီအလုံအလောက်ရှိ၍ ဈေးတက်မည်ကို စိုးရိမ်ရန်မလိုဟုဆို

0
348

FATF ၏မြန်မာနိုင်ငံအ​ပေါ် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်နှင့် အချိုးညီသည့် အလေးထား စိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်   တောင်းဆိုခြင်းခံရသည့် နိုင်ငံ အဖြစ်စာရင်းသွင်းအမည်ဖျက်စာရင်း ကြေညာခံရပြီးနောက် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်ကာ ပြ ည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် တန်းစီဝယ် ယူမှုများရှိနေသည့်အတွက် ဆီပြတ်လပ်မှုများလည်းရှိ နေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၂၂) ရက် နံနက်အစောပိုင်းမှစတင်ကာ ရန်ကုန် နှင့်မန္တ​လေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်း စီဝယ်ယူမှုများရှိနေခြင်းဖြစ်ပြီး ဆီဆိုင်အချို့မှာ ဆီပြတ်တောက်နေခြင်းဖြစ်ကြောင်း ဆီဖြည့်ရန် စောင့်ဆိုင်းနေသူအချို့ထံမှ သိရသည်။

 ယနေ့ အောက်တိုဘာ ၂၂ ရက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသို​လှောင်ဖြန့်ဖြူး​ခြင်းလုပ်ငန်းများကြီးကြပ်​ရေး​ကော်မတီ ဥက္ကဌ၊ စီးပွား​ရေးနှင့် ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာန ဒုဝန််ကြီး ဦးညွှန့်​အောင်နှင့် MPTA မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသို​လှောင်ဖြန့်ဖြူး​ရေးအသင်း ဥက္ကဌ၊ တာဝန်ရှိသူများသည် ယ​နေ့နေ့လည်(၁) နာရီတွင်သီလဝါ Terminal တွင် အစည်းအ​ဝေးပြုလုပ်​နေ​ကြောင်းလည်းသိရသည်။

အစည်းအ​ဝေးဆုံးဖြတ်ချက်အရ “စက်သုံးဆီအ​နေအထား က နိုဝင်ဘာ ပထမ အပတ်အထိအတွက်ကို Terminal မှာရှိပြီးသား။ တစ်နိုင်ငံလုံးအတိုင်းအတာအသုံးပြုနိုင်ဖို့ ရန်ကုန် သီလဝါရှိ ဆီသို​လှောင်ကန်​တွေမှာ နိုဝင်ဘာ ပထမအပတ်အထိ ဆီရှိပါတယ်။ မန္တ​လေးအထက်မြန်မာပြည်အတွက်​ကောဆီရှိပါတယ်။ ရန်ကုန်မှာ မနက်က ​ဒေါ်လာကိစ္စ​ကြောင့်ဆိုပြီး တန်းစီဝယ်ယူမှု​တွေရှိတယ်။ အခုအစည်းအ​ဝေးဆုံးဖြတ်ချက်အရ ဓါတ်ဆီဝယ်ယူသူ အားလုံးကို​ရောင်း​ပေးမယ်။ ဆီဆိုင်မှာ ဆီဖြည့်တဲ့ ​ဂေါက်​တွေနည်းလို့ တန်းစီရတယ်။ တစ်မြို့လုံးပတ်ဖြည့်လို့ရတယ်။ ပြဿနာမရှိဘူး။ အရင်တုန်းကဆီပြတ်မှ ဆီ​​ဘောက်ဆာ​တွေလွှတ်တာ။ အခုကဆီမပြတ်ခင်ကတည်းက ဘောက်ဆာတွေလွတ်ပေးနေပါတယ်။ စျေးနှုန်းကသတင်းစာထဲကထုတ်ပြန်တဲ့ ရည်ညွှန်း​စျေးနှုန်းအတိုင်းပဲ။ ​အပြောင်းအလဲမရှိဘူး၊စျေးကလဲ​တောက်​လျှောက်ကျ​​နေတာပါ”ဟုမြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသို​လှောင်ဖြန့်ဖြူး​ခြင်းလုပ်ငန်းများကြီးကြပ်​ရေး​ကော်မတီ ဥက္ကဌ၊ စီးပွား​ရေးနှင့် ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာန ဒုဝန််ကြီး ဦးညွှန့်​အောင်က ​ပေါ်ပြူလာနယူးသို့​ဖြေကြား​ပေးခဲ့သည်။

ထို့အပြင် ယနေ့ အောက်တိုဘာ (၂၂) ရက်တွင်လည်း စ က်သုံးဆီသင်္ဘော ( ၆ ) စီး ကမ်းကပ်နေပြီး ဆီချရန် စီစဉ်လျက်ရှိပြီး အဆိုပါ သင်္ဘော(၆) စီးတွင် 92 Ron ၁၅.၇၈ ဂါလံသန်း၊ 95 Ron ၄.၁၅ ဂါလံသန်း၊ Disel ၃.၅၄ ဂါလံသန်း၊ Premium Disel ၅.၂၆ ဂါလံသန်း ပါဝင်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့် ဖြူးရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်အောင်ကျော်က ပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရအပါအဝင် ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသူ များ ပြည်ပမှ မှာယူထားသည့် စက်သုံးဆီများ သီလဝါဆိပ်ကမ်းမှတဆင့် အလုံအလောက် ရောက်ရှိထားပြီး လာမည့် နိုဝင်ဘာလကုန်ပိုင်းအထိ စက်သုံးဆီအလုံအ လောက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၉) ရက်တွင် ပြည်ပမှ မှာယူထားသည့် စက်သုံးဆီဂါလန် (၁၁) သန်းဝန်းကျင် ရန်ကုန် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိထားပြီး ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာ (၂၂) ရက် ရန်ကုန်တိုင်းအတွက် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာကို ၁၉၈၅ ကျပ်၊ 95 တစ်လီတာကို ၂၀၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၅၈၀ ကျပ် နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၆၆၅ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here